ကျွန်တော်လူတော်တစ်ယောက်တော့မဟုတ်ပေဘူးဒါပေမယ့်ကိုယ့်ညီကိုကိုယ်ပြန်ရင်မခုန်သင့်ဘူးဆိုတာတော့သိတယ်။ဒါပေမယ့်ဗျာအခြေအနေအကြောင်းတရားတွေကလဲအမြဲတိုက်ဆိုင်နေတာကို။ဒါဒီကောင့်ကိုကြိုက်လို့ရင်ခုန်တာလို့တော့ကျွန်တော်မသတ်မှတ်ချင်ဘူး၊ကိုယ့်ကိုထောက်လှမ်းရေးရန်ကကာကွယ်လိုက်တဲ့ဟီးရိုးကြီးအနေနဲ့ကျေးဇူးတင်စိတ်၊လေးစားစိတ်၊ကြည်ညိုစိတ် ဟုတ်တယ်ကြည်ညိုစိတ်ကြောင့်ရင်ခုန်တာ ဟမ်း.. သောက်ကျိုးနည်းခြင်းရဲ့အစပေါ့..
နောက်ကကောင်ကတော့သူလုပ်ချင်ရာလုပ်ပြီးငြိမ်ချက်သားကောင်းနေတယ် ခုနကသူတံတောင်ကိုနောက်ကစ်နဲ့တွက်လိုက်လို့သာ ငြိမ်သွားတာနို့မို့ဆိုလမ်းတလျှောက်လုံးကျွန်တော့်နားကိုငုံပြီးလိုက်လာမလားမသိဘူး တကယ်...
ဒီကောင်ကဆဌမအာရုံလဲရနေတာလားတော့မသိဘူး ကျွန်တော်သူ့အကြောင်းတွေးကောင်းကောင်းနဲ့တွေးနေတုန်းပဲဟက်ကနဲတစ်ချက်ရီပြီးကျွန်တော့်ဆံပင်တွေကိုလေနဲ့မှုတ်ပြန်ရော... ဒင်းကြောင့်လဲခက်ပါတယ် ကျောင်းရေမြန်မြန်ရောက်ပါတော့ဟ။
ကားပေါ်ကဆင်းပြီးခပ်သွက်သွက်ရှေ့ကလျှောက်သွားမယ်အလုပ်ကျွန်တော့်ဆီ အိုပါးလို့အော်၊လက်နှစ်ဖက်ဆန့်တန်းပြီးအားရ၀မ်းသာပြေးလာတဲ့တခါမှမမြင်ဖူးတဲ့လှတပတကောင်မလေးကိုတွေ့တော့
ယောက်ျားလေးမို့နစ်နာမှာမဟုတ်လို့လက်နှစ်ဖက်ပဲပြန်ဆန့်ပြီးကြိုဆိုပေးလိုက်ရမလား၊တခါမှမမြင်ဖူးတဲ့ကောင်မလေးမို့လို့ဒီတိုင်းမသိချင်ပဲဆက်ဆောင်နေရမလားဝေခွဲမရဖြစ်နေတုန်းကောင်မလေးကကျွန်တော့်ကိုကျော်သွားလေတယ်။
"ဟင်"
"အိုပါးကိုစောင့်နေတာကြာပြီ ပြွတ်စ်"
လက်စသတ်တော့ကောင်မလေးကကျွန်တော့်ဆီမဟုတ်ပဲညီတော်မောင်ဆီတန်းတန်းကြီးပြေးလာတာ ရှက်လိုက်တာ
ကျွန်တော်လဲရှက်ရှက်နဲ့မျက်နှာကြီးရဲပြီးသူတို့ကိုလှည့်ကြည့်လိုက်တော့်အမယ်ကောင်မလေးက ဟိုကောင့်ကိုအာဘွားတွေရှလူးနေတာ ဟိုကောင်ဆိုသည်မှာလဲသကာရည်လောင်းထားသလိုမျက်နှာကချိုလို့လူလည်ခေါင်ကြီးမှာမထော်မနန်းတွေဒွတ်ခပဲ ဒေါသထွက်လိုက်တာ..အမြင်မတော်တာတွေလူမြင်ကွင်းမှာဆက်လုပ်နေမှာစိုးလို့သူတို့နှစ်ယောက်ကိုလူခွဲဖို့ပြင်ရတယ်။
YOU ARE READING
My Brother ( On Hold)
Fiksi PenggemarHyung ကကျွန်တော်တစ်ယောက်တည်းနဲ့ဆိုင်တာ ကျွန်တော်တစ်ယောက်တည်းရဲ့အပိုင်