After 17 years
ဟိုကောင်မင်းခြေထောက်ကြီးဖယ်ဦး ငါအဲ့စားပွဲအောက်ဖုန်စုပ်မလို့"
ဆိုဖာပေါ်ထိုင်ပြီးရှေ့စားပွဲပေါ်ခြေထောက်တင်ကာ တဟီးဟီးရယ်ပြီး ရုပ်ရှင်ကြည့်နေသောဂျလေဘီကောင် အရွယ်နဲ့မလိုက်အောင်သောက်စားမူးယစ်နေတဲ့အကောင် ဆေးလိပ်ဆိုလဲလက်ကမချ ဘီယာလေးကလဲတမြမြနဲ့ ဖေဖေနဲ့မေမေကလဲအော်ကြော့လန်လက်မြှောက်ထားရတဲ့အကောင် ကျွန်တော့ကိုသူ့လောက်မသန်မာဘူးဆိုပြီးအမြဲအနိုင်ကျင့်တဲ့အကောင် ကျွန်တော်ဂေးဆိုတာပြောပြထားတာသူ့လှောင်ရယ်ဖို့မဟုတ်ဘူးလေ ဒီအကောင်ကိုမုန်းတဲ့အကြောင်းတွေပြောရမယ်ဆို တရက်နဲ့တညတောင်ကုန်သွားဦးမယ် ပြောလို့ကုန်မှာမဟုတ်ဘူး ပညာရေးကိုလဲသိပ်စိတ်မဝင်စားတဲ့ကောင်ကတနှစ်တတန်းတော့မှန်မှန်အောင်ရှာသား အခုဆိုအသက်နှစ်ဆယ်ပြည့်ပြီလေ တက္ကသိုလ်ရွေးတော့ ကျွန်တော်တက်နေတဲ့ တက္ကသိုလ်မှတည့်တည့်လာရွေးတယ် အိမ်မှာမဝလို့ကျောင်းပါလိုက်ပြီးကျွန်တော့ကိုစိတ်သောကတွေဒုက္ခတွေပေးတော့မှာ
အခုလဲကြည့်သူခြေထောက်ကိုမဖယ်ပဲကျွန်တော့ကိုပြုံးကြည့်လာတယ် ဟင့်အင်း လှောင်ရယ်တယ်ဆိုတာကပိုမှန်မယ် ကျွန်တော်လဲစိတ်ပေါက်ပေါက်နဲ့သူ့ခြေထောက်ကိုဆောင့်ကန်ပစ်လိုက်တော့ ချက်ချင်းထလာပြီးကျွန်တော့ကိုတွန်းလိုက်တာကျောကနံရံနဲ့သွားမိတ်ဆက်တာ ဘုန်းကနဲပဲ
"အား သေပါပြီ မင့်အားကြီးနဲ့တွန်းရသလားဟ"
"Hyung ကလဲကျွန်တော်ပြောပါတယ် ကျွန်တော့ကိုလာလာမစပါနဲ့ဆို ဟက်ဟက်"
"မင်းထက် ၃နှစ်ကြီးတဲ့ငါ့ကို နည်းနည်းလေးစားမှုရှိဦး ကင်ထယ်ယောင်း"
"Hyung က လေးစားခံချင်တယ်ပေါ့"
"ဟဲ့ကလေးတွေဘာဖြစ်နေကြတာလဲ'
Tae- " ဘာမှမဖြစ်ပါဘူး မေမေ Hyung ကသားကို လာကန်လို့"
'ဒေါက်'
'အင်'
သကောင့်သားကိုကြည့်လိုက်တော့ သူကန်တာကိုဘာမှပြန်ခံမလုပ်ပဲ အားမတန်လို့ငြိမ်ခံနေပြီး မေမေရောက်လာမှတိုင်ပြောရသည့်ပုံစံ မျက်လုံးလေးကိုလဲကလယ်ကလယ်လုပ်ထားသေး Jinဘုမသိဘမသိခေါင်းခေါက်ခံလိုက်ရတော့ဒေါသကထောင်းကနဲ
YOU ARE READING
My Brother ( On Hold)
Fiksi PenggemarHyung ကကျွန်တော်တစ်ယောက်တည်းနဲ့ဆိုင်တာ ကျွန်တော်တစ်ယောက်တည်းရဲ့အပိုင်