ပထမတော့ထိကပ်ထားရုံ၊နောက်တော့ ကျွန်တော့်နှုတ်ခမ်းတွေကိုငုံထွေးလာသောသူ့နှုတ်ခမ်းများ...အိုးကျွန်တော် တစ်ယောက်တည်းတောင် ညီတစ်ယောက်အပေါ် ပုံမှန်မဟုတ်တော့တဲ့
သဘာ၀နဲ့ဆန့်ကျင်နေတဲ့ သွေးသားဆန္ဒကို သိက္ခာနဲ့မနည်းကိုယ့်ဘာကိုယ် ပြန်တည့်မတ်နေရတာ သူကကောဘာစိတ်ဖောက်ပြန်ပြီလဲ...မရူးစမ်းပါနဲ့ Tae Taeထိုနေ့က ကျောင်းကြီးအနီးချောင်ကျသောလမ်းသွယ်လေးတစ်ခုတွင်နမ်းနေကြသောကောင်လေးနှစ်ယောက်ရှိခဲ့သည်။
တစ်ယောက်ကတော့ နောက်ကောင်လေးတစ်ယောက်ဇတ်ပိုးလေးကိုအုပ်ကိုင်ကာ မျက်လုံးများပိတ်လျှက်၊
ခေါင်းလေးကိုစောင်းကာနှင့်နှုတ်ခမ်းနှုင့်လျှာများကိုအလုပ်ပေးလျှက်၊နောက်တစ်ယောက်မှာတော့ပြူးကျယ်သောမျက်လုံးအစုံနှင့် မသဲမကွဲအော်ဟစ် နေရင်းသိပ်မကြာလိုက်ဦးဆောင်နမ်းနေသောကောင်လေးမှာအနမ်းခံနေရသောကောင်လေး၏တွန်းဖယ်ခြင်းခံလိုက်ရလေသည်။
"မင်း...မင်းဘာလုပ်တာလဲ ကင်ထယ်ယောင်း"
"ဟက် ဘာလုပ်တယ်ထင်လို့လဲ"
မျက်လုံးများကပြုံးနေသော်လည်း နှုတ်ခမ်းများကတော့လှောင်နေသယောင်...
"မင်း...မင်းကွာ တောက်" ခြေလှမ်းများကခပ်သုတ်သုတ်၊ဒီနေရာနှင့်တတ်နိုင်သမျှအဝေးဆုံးသွားလိုက်ချင်သည်။
ကျွန်တော့်မျက်နှာမှာလဲပူကျစ်နေပြီးပေါက်ထွက်တော့မတတ်.. ဘယ်လိုစဥ်းစားစဥ်းစားမဖြစ်သင့်တာကြီးလှည့်ထွက်ပြေးသွားသောသူ့နောက်ကျောကို မျက်စိတဆုံးလိုက်ကြည့်နေသောညီတော်မောင်ကိုတော့ဆော့ဂျင်မမြင်လိုက်ရ နှုတ်ခမ်းထောင့်များကတော့ အမျိုးအမည်မသိသောအဓိပါယ်တစ်ခုနှင့်ကော့တက်နေလေရဲ့...
ဆော့ဂျင်ခြေဦးတည့်ရာလျှောက်သွားပြီးနောက် လေးကန်သောခြေလှမ်းများနှင့်အိမ်ထဲ၀င်လာလိုက်သည်။ ဧည့်ခန်းတွင်အေးအေးသက်သာ ဘီယာတစ်ဗူးနှင့်ဂိမ်းထိုင်ဆော့နေသော ထယ်ယောင်း၊
ဘာလဲ ခုနတုန်းကဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကဒင်းအတွက်ဘာမှအရေးမပါဘူးလား။ ငါတစ်ယောက်တည်း ကမ္ဘာပျက်နေခဲ့တာလား သူကတော့လမ်ကြုံလို့တစ်ပွဲတစ်လမ်းအကဲစမ်းလိုက်တဲ့သဘောလား...
YOU ARE READING
My Brother ( On Hold)
FanfictionHyung ကကျွန်တော်တစ်ယောက်တည်းနဲ့ဆိုင်တာ ကျွန်တော်တစ်ယောက်တည်းရဲ့အပိုင်