Bringing The Farm To Live In Another World: Chapter (9)

383 55 1
                                    

Chapter 9 - Morning and Evening Have Only One Sky

အပိုင်း(၉) မနက်နှင့်ညနေ ကောင်းကင်တစ်ခုတည်း တည်ရှိခြင်း

နေရာလွတ်နယ်မြေကို နောက်တစ်ခေါက်လာတာတောင် ဘာမှထူးထူးခြားခြားဖြစ်ပျက်ခဲ့ပုံမရပေ။ ကျောင်းဟိုင် နေရာလွတ်နယ်မြေထဲမှ ထွက်လိုက်ပြီးတော့ သူနိုးလာကတည်းက ဖြစ်ပျက်သမျှအကြောင်းအရာတွေအားလုံးကို အဆက်မပြတ်တွေးတောလိုက်ကာ အိပ်ရာပေါ်တွင် တိတ်ဆိတ်ငြိမ်သက်စွာဖြင့်လဲလျောင်းလိုက်တော့သည်။

သူ့ကိုယ်ခန္တာကူးပြောင်းလာတာအခြေတကျဖြစ်လာကတည်းက ကျောင်းဟိုင် နည်းနည်းလေးတောင်ထိတ်လန့်တုန်လှုပ်ခြင်းမရှိတော့ရုံမျှမက တိုက်ကြီးပေါ်မှာနေရတာ စိတ်လှုပ်ရှားမှုတွေတောင် အနည်းငယ်လေးလျော့ကျသွားခဲ့သည်။ ကမ္ဘာမြေပေါ်မှာတုန်းကဆိုရင် ကျောင်းဟိုင်ဟာ အိမ်တွင်းပုန်းတစ်ယောက်ဖြစ်ပြီးတော့ စားရေးဆရာတစ်ယောက်၏ လစဉ်လတိုင်းရရှိသောဝင်ငွေပမာဏအနည်းငယ်နှင့်အတူ ဖိအားများစွာအောက်မှာနေထိုင်ခဲ့ရသည်။

ဒါပေမယ့် ဒီနေရာကတော့ ကွာခြားပေသည်။ ဒီနေရာတွင် သူသည် ဇာတ်မြင့်တန်းစားတစ်ယောက်ဖြစ်ပြီးတော့ သူ့ကိုဘေးသို့တွန်းဖယ်ထားခဲ့ခြင်းခံရတာတောင်မှ သူ့မှာ သူ့ကိုယ်ပိုင်ဖြစ်သောပိုင်ဆိုင်မှုအမွေအနှစ်နယ်မြေရှိနေပေသည်။ ထိုနယ်မြေက သုံးစားမရသည့် မြေသေတစ်ခုဖြစ်တာတောင်မှ သူ့မှာ သူ့အပေါ်သစ္စာစောင့်သိသည့်လက်အောက်ငယ်သားတစ်ချို့တော့ ရှိနေဆဲပင်ဖြစ်သည်။ သူ့စကားတစ်ခွန်းထဲနှင့် တစ်ရာသောကျေးကျွန်တို့၏ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်လေသည်။ သူ့တွင် ရဲတိုက်တစ်လုံးရှိပြီးတော့ လူတွေကသူ့ကိုစောင့်ဆိုင်းနေရသည်၊ အရေးကြီးဆုံးက သူ့မှာနေရာလွတ်စိုက်ပျိုးရေးခြံရှိနေတာပါပဲ။

ဒီနေရာလွတ်စိုက်ပျိုးရေးခြံက ဘယ်ကနေဘယ်လိုကျရောက်လာလဲဆိုတာ သူမသိသော်ငြားလည်း ထိုနယ်မြေ သူ့မှာရှိနေသမျှကာလပတ်လုံး သူအစားအသောက်အတွက်ပူပန်နေစရာလဲမလို၊ ဘာအနှောင်အဖွဲ့မရှိဘဲနဲ့လဲ သူလွတ်လပ်စွာဖြင့် ကောင်းကောင်းမွန်နေထိုင်နိုင်သည်။

[ရပ်နား]Bringing The Farm To Live In Another World(Myanmar Translation)Where stories live. Discover now