Chapter 26 - New Crisis

329 59 0
                                    

Chapter 26 – New Crisis

တင်ပြီးြပီထင်တာ
Publish မဖြစ်သွားဖူး sorry ပါ😁

အပိုင်း ၂၆ - ကပ်ဘေးအသစ်တစ်ခု

ကျောင်းဟိုင်နှင့်ဘလော့ခ်ဟတ်တို့ ရေကန်ရှေ့တွင် မတ်တပ်ရပ်ခဲ့လိုက်သည်၊ မာရင်းက မှော်မန္တာန်အချို့ကို တီးတိုးရေရွတ်လိုက်ခဲ့ပြီးတော့ မကြာမီမှာပင် သူတို့ပတ်ပတ်လည်တွင် ရေအလွှာတစ်ခုထပ်မံပေါ်ပေါက်လာခဲ့သည်။

သူတို့တစ်တွေအား ရေလှိုင်းအလွှာလေးတစ်ခုဖုံးအုပ်ထားလျက်ဖြင့် ရေကန်ပေါ်သို့ လိမ့်ဝင်လို့သွားခဲ့သည်။

ကျောင်းဟိုင် အခုသူတို့သုံးယောက်သားက ဖောက်ထွင်းမြင်နိုင်သည့် ကြည်လင်သော အပြာရောင်ဘော်လုံးတစ်လုံးထဲတွင် မတ်တပ်ရပ်လျက်ရှိနေသည်ကို တွေ့လိုက်ရသည်၊ ရေပူစမ်းကရေနွေးငွေ့လိုမျိုး အရာမျိုးတစ်ခုက သူတို့အားကိုင်တွယ်ထားခဲ့က ရေကန်ပေါ်တွင်တင်ထားပေးခဲ့သည်။

သည်အရာက ကျောင်းဟိုင် မှော်ပညာနဲ့ကြုံတွေ့ရသည့် ဒုတိယအကြိမ်မြောက်ပင်ဖြစ်သည်။ ပထမဆုံးအကြိမ်တုန်းက မာရင်းက ရိုးရှင်းသည့်မှော်မီးအလင်းရောင်ပါသည့် မန္တာန်တစ်ခုကို အသုံးပြုလိုက်ပြီးတော့ သူ့အတွက် ရေပူဘောင်းတစ်လုံးအား ပြုလုပ်ပေးခဲ့သည်။ အခုတော့ သူတို့တစ်တွေက မှော်ပညာကိုသုံးပြီးတော့ ရေကန်ပေါ်မှာလျှောစီးနေတာက ကျူရိုးတစ်ချောင်းက မြစ်ထဲတွင်မျောပါနေသလိုပင်ဖြစ်နေခဲ့သည်။

ရေကန်ပေါ်ကနေ ရွေ့လျားသွားလာခြင်းက ကျောင်းဟိုင်အား မရည်ရွယ်ပဲ စိတ်လှုပ်ရှားတုန်လှုပ်စေလိုက်ခဲ့သည်။ ဒီကမ္ဘာကြီးထဲကမှော်ပညာဆိုတာရှိပြီးတော့ မာရင်းဟာလည်း အဆင့်(၈)လယ်ဗယ်ရှိတဲ့ရေမှော်အတတ်ပညာရှင်တစ်ယောက်ဆိုတာကို သူသိပါတယ်၊ ဒါပေမယ့်လည်း သူအံအားသင့်နေရတုန်းပင်။

မာရင်းကိုကြည့်ရသည်မှာ အလွန်ပင်စိတ်လက်ပေါ့ပါးနေခဲ့ပြီးတော့ ရေပြင်ပေါ်တွင် သူမစွမ်းရည်အား ယုံကြည်ချက်ရှိရှိအသုံးပြုနေတာက သူမကိုလွှမ်းမိုးနိုင်မည့်သူတစ်ယောက်မှ မရှိသလိုမျိုးပင်။ ဒီနေရာမှာဝိညာန်သားရဲတစ်ကောင်ရှိနိုင်တယ်လို့ သူမပြောလိုက်တဲ့အချိန်တုန်းကလည်း သူမမှာစိုးရိမ်မှုစိုးစဉ်းမျှ ရှိမနေခဲ့ပေ၊ ဘာ့ကြောင့်လဲဆိုတော့ ထိုသားရဲကို အလွယ်တကူသတ်ပစ်နိုင်မယ်လို့ သူမယုံကြည်ချက်ရှိလို့ပင်ဖြစ်သည်။

[ရပ်နား]Bringing The Farm To Live In Another World(Myanmar Translation)Where stories live. Discover now