Chapter 28 - Horse Bone

380 60 8
                                    

Chapter 28 – Horse Bone

အပိုင်း(၂၈) မြင်းအရိုးရရှိခြင်း

ဒီနေရာလွတ်စိုက်ပျိုးမွေးမြူရေးခြံက တိုက်ခိုက်နိုင်သည့်စွမ်းရည်ရော ခုခံကာကွယ်နိုင်သည့်စွမ်းရည်ရော လုံးဝမရှိတာတော့ ကျောင်းဟိုင်သေချာသိပေသည်။ ပြုလုပ်နိုင်တဲ့တစ်ခုတည်းသောအရာကတော့ ကောက်ပဲသီးနှံတွေစိုက်ပျိုးတာနဲ့ အထဲမှာဘာမှကြောက်စရာမလိုပဲ သူ့ကိုဝင်ပုန်းလို့ရနိုင်တာပဲဖြစ်သည်။

သူ့နေရာလွတ်စိုက်ပျိုးမွေးမြူရေးခြံနဲ့ စိမ့်မြေရွှံတောကို ရင်ဆိုင်နိုင်တဲ့ယုံကြည်မှုမျိုးလည်း သူ့တွင်မရှိပေ။ အသေကောင်ပုတ်တွေကြီးစိုးရာစိမ့်မြေရွှံ့တောက ကုန်းမြေတိုက်ကြီးရဲ့ဧရိယာငါးပုံ ပုံရင်တစ်ပုံရှိတဲ့ ကျက်တီးကုန်းမြေဖြစ်တယ်ဆိုတာလည်း မေ့ထားလို့ကလဲမရနိုင်ချေ၊ မသေမျိုးဝိညာန်သားရဲတွေ ခြိမ်းခြောက်နိုင်သည့်အချက်ပါ​တာကတော့ပြောဖို့တောင်မလိုတော့ချေ။ တိုက်ခိုက်နိုင်စွမ်းမရှိဘူးဆိုရင် သူဘယ်လိုလုပ်ပြီးတော့ စိမ့်မြေရွှံ့နွံတောနဲ့ ရင်ဆိုင်လို့ရမှာလဲ?'

အရင်က အချိန်ဘယ်လောက်ကြာခဲ့လဲမသိပေမယ့်လည်း ကျောင်းဟိုင်က တကယ်လို့သာ မသေမျိုးဝိညာန်သားရဲတွေ စိမ့်မြေရွှံ့တောကနေထွက်လာခဲ့ရင် သူတို့က ရဲတိုက်ကနေပဲ ခံစစ်နဲ့တိုက်ထုတ်ရမယ်ဆိုတဲ့ အချက်ကိုပဲ ဆုံးဖြတ်ထားနိုင်တော့သည်။ ပြီးတော့ သူတို့တွေ မနိုင်ရင်တောင်မှ ရှိသမျှလူအားလုံးကို သူ့နေရာလွတ်ထဲထည့်ပြီးတော့ ပုန်းအောင်းရပေလိမ့်မည်။ ဆယ်ဧကလောက်က ဒီလူတွေအကုန်လုံးကို ကောင်းကောင်းဆန့်ပေမည်။

ထို့နောက် ကျောင်းဟိုင် အပြင်ဘက်မှ ဆူညံသံတစ်ခုကို ရုတ်ချည်းကြားလိုက်ရခဲ့သည်။ သူ ကြည့်လိုက်တော့ နေ့လယ်ခင်းရောက်နေခဲ့ကာ ကျေးကျွန်တွေက နေ့လယ်စာစားဖို့ပြန်လာမှန်း သူနားလည်လိုက်သည်။ အပြင်ဘက်ကနေပြီးတော့ အထဲကိုဝင်လာတဲ့ မက်ခ်၊ ရော့ခ်ဟတ်နှင့်ဘလော့ခ်ဟတ်ကိုလည်းသူ တွေ့လိုက်ခဲ့သည်။ သူတို့သုံးယောက်က ကျောင်းဟိုင်ကိုတွေ့လိုက်တော့ သူတို့တွေချက်ချင်းပင် သူ့အားလာတွေ့လိုက်တော့သည်။

[ရပ်နား]Bringing The Farm To Live In Another World(Myanmar Translation)Dove le storie prendono vita. Scoprilo ora