Chapter 15 - Level Up

393 64 0
                                    

Chapter 15 - Level Up

အပိုင်း(၁၅) အဆင့်တက်ခြင်း

မာရင်းတစ်ယောက် အံအားသင့်စွာကြီးစွာဖြင့် မှင်တက်သွားခဲ့ပေမယ့်လည်း ကျောင်းဟိုင်ကတော့ သူမ ဘယ်လောက်တောင် အံအားသင့်သွားလဲဆိုတာကို မသိလိုက်ခဲ့ပေ။

မာရင်းဆိုသည်မှာ အဆင့်(၈)လယ်ဗယ်ရှိတဲ့ ရေမှော်အတတ် မှော်ပညာရှင်တစ်ယောက်ပင်။ အက်ခ်တိုက်ကြီးပေါ်တွင်တော့ မော်ပညာရှင်တစ်ယောက်အား အဆင့်(၁၀) ထိ ခွဲခြားသတ်မှတ်ထားခဲ့သည်။ အဆင့်(၁)မှ အဆင့်(၃)အထိက ပညာသင်အဆင့်တွေသက်သက်ပင်။ အဆင့်(၄)နှင့် အဆင့်(၅)ကတော့ အဆင့်နိမ့်မှော်ပညာရှင် တွေဖြစ်ကာ အဆင့်(၆)နှင့် အဆင့်(၇)က အလယ်အလတ်အဆင့် မှော်ပညာရှင်တွေဖြစ်ကြကာ အဆင့်(၈) နှင့်အဆင့်(၉)ကတော့ အဆင့်မြင့်မှော်ပညာရှင်တွေဖြစ်ကြပေသည်။ အဆင့်(၁၀)ရှိတဲ့မှော်ပညာရှင်ကတော့ ဒဏ္ဍာရီထဲတွင်သာ တည်ရှိနိုင်ပေသည်။

လူအများစုအတွက်ကတော့ စွမ်းရည်တစ်ခုတည်းရှိတဲ့သူကတောင် မှော်ပညာရှင်ပင်ဖြစ်သည်၊ သူတို့တစ်တွေက ပထမအဆင့် (၅) လောက်ထိသာ အဆုံးသတ်နိုင်လေသည်။ ကံကောင်းတဲ့တစ်ချို့တစ်လေကသာ အလယ်အလတ်အဆင့်ရှိ မှော်ပညာရှင်တွေ ဖြစ်လာနိုင်ပေသည်။ သို့သော်လည်း ကုန်းမြေတိုက်ကြီးပေါ်က လူတစ်ရာတွင် တစ်ရာခိုင်နှုန်းသော မှော်ပညာရှင်များသာ အဆင့်မြင့်မှော်ပညာရှင်အဖြစ်နှင့်သာ အဆုံးသတ်ကြလေသည်။ ဒါကလည်း ၁မီလီယံတွင် တစ်ယောက်သာ အခွင့်အရေးရှိလေသည်! ဒီအချိုးနဲ့ကြုံတောင့်ကြုံခဲဖြစ်လာသော အဆင့်မြင့်မှော်ပညာရှင်များက တစ်လေးတစားဖြင့် ဆက်ဆံခြင်းခံရလေသည်။ တကယ်တမ်းကျတော့ အဲဒီတစ်ခုတည်းသောအကြောင်းရင်းကြောင့်ပဲ ဘူဒါးကလန်က ပြည်နှင်ဒဏ်သာပေးခံရပြီးတော့ အက်ခ်ဆူအင်ပါရာဘုရင်က သူတို့အပေါ် အရမ်းဆိုးဆိုးရွားရွား မဆက်ဆံခဲ့တာပဲဖြစ်သည်။ မာရင်းကလည်း ဘူဒါးကလန်ကို သစ္စာစောင့်သိတဲ့ အဆင့်မြင့်မှော်ပညာရှင်တစ်ယောက်ဖြစ်နေလို့ပင်။

အဆင့်(၈) လယ်ဗယ်ရှိတဲ့ ရေမှော်အတတ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ မာရင်းက မှော်ဓာတ်တွေနဲ့ပတ်သတ်လျှင် အလွန်သတိရှိသူတစ်ယောက်ဖြစ်သည်။ တကယ်လို့ သူမနဲ့ ၁ ကီလိုမီတာအတွင်းကွာဝေးသောနေရာတွင် မှော်ပညာအသုံးပြုနေတဲ့သူရှိပါက သူမက ထိုဟာကို ခံစားနိုင်ပေသည်။

[ရပ်နား]Bringing The Farm To Live In Another World(Myanmar Translation)Donde viven las historias. Descúbrelo ahora