Part(4)

1.6K 131 3
                                    

(Unicode)

အပိုင်း(၄)
Crushအား သိက္ခာချခြင်း လုံးဝလက်မခံ

ညတိုင်းလိုလို ရဲတာရဲ့ မြင်ကွင်းရှေ့ရောက်လာတတ်သည့် ပြိုင်ကားအနက်လေးတစ်စီးရှိ၏...

ရဲတာက ကျောင်းထဲမှထွက်လာမည့် အမေ့ကို စောင့်နေသလို ထိုကားထဲကသူဟာလဲ ကျောင်းထဲကထွက်လာမည့် ကောင်လေးတစ်ယောက်ကို စောင့်နေသည်ပင်...

မကြာသောအချိန်တွင် "အစ်ကို ကျွန်တော်ပြန်ပြီ..." ဆိုတဲ့ ကောင်လေးရဲ့ နှုတ်ဆက်သံကို ကြားရတော့သည်...

မည်သူသိနိုင်မည်နည်း... ရဲတာ ထိုနှုတ်ဆက်သံကို စောင့်နေသည်ဆိုတာကို...

နှုတ်ဆက်သံအဆုံးမှာ ပွင့်လာမည့် ကားတံခါးကြောင့် ကားထဲရှိနေသူအား မြင်ခွင့်ရမည့် အခွင့်အရေးကို စောင့်မျှော်နေမိသည်... ဒါက ရဲတာရဲ့ တာဝန်တစ်ခုဖြစ်‌လို့နေပြီလေ...

ထူးထူးခြားခြား ကျောင်းရှေ့ထွက်ရပ်ဖြစ်သည့် နေ့မှာ စတွေ့ခွင့်ရခဲ့သည့် မျက်နှာ... ထိုနေ့ကစလို့ အတန်းဆင်းတာနဲ့ ကျောင်းရှေ့ထွက်ရပ်နေဖြစ်ချေပြီ... ရှေ့တည့်တည့်မှ မြင်တွေ့ဖူးခြင်းမရှိဘဲ တစ်စောင်းအနေအထားတိုင်းတွေ့လိုက်ရသည်ကတောင် ရဲတာအား ထပ်ခါထပ်ခါ စွဲဆောင်တော့သည်...

ပိုင်ရှင်ရှိပြီးသားလူတစ်ယောက်ကို ရဲတာ တမ်းတမိနေသည်လား...

နီတာရဲ့ကျိန်စာ ရဲတာထံ သက်ရောက်နေသည်လား...

‌အိမ်အောက်ထပ်ရှိ ဆူညံ့သံတွေကြောင့် အိပ်မက်မှ နိုးထနိုင်ခဲ့သည်...

မျက်လုံးဖွင့်ဖွင်းချင်း မြင်ရသည်က အဖြူရောင် မျက်နှာကျက်ပေ...

"ဟမ့်..."

ရဲတာ နာကျင်စွာ ရယ်မိသည်...

ညစဉ်ညတိုင်း အဖန်တလဲကျင်နေရတဲ့ဖြစ်စဉ်ကြီးက အိပ်မက်ထဲထိတောင် စိုးမိုးထားပြီတဲ့... ရယ်ချင်စရာပေ...

အိပ်မက်ကတောင် ရဲတာကို မျက်နှာသာမပေးနိုင်ဘူးဘဲ... ဒါက ရယ်စရာကောင်းမနေဘူးလား...

လက်တွေ့ကအဖြစ်နဲ့ တစ်ထပ်တည်းတူညီတဲ့ အကြောင်းအရာကိုဘဲ မြင်မက်ရသည်... စိတ်ကူးနဲ့တောင်မပျော်နိုင်တဲ့အခြေနေမှာ အိပ်မက်ကပါ ‌ရဲတာဘက်မှာရှိမနေခဲ့ပေ...

တိတ်တိတ်ကလေး နဲ့ တိုးတိုးလေး/တိတ်တိတ်ကလေးနဲ့တိုးတိုးလေး(Complete)Where stories live. Discover now