(Unicode)
အပိုင်း(၇)
Crushတွေဟာ လူထူးဆန်းများဖြစ်၏တနင်္ဂနွေနေ့... ဒီနေ့၏မနက်ခင်းဟာ ရဲတာအား အိပ်မက်ဆိုးတွေနဲ့ စတင်နိုးထလာစေသည်...
သင်တန်းသို့ဦးတည်ရမည့် ခြေလှမ်းတွေဟာ ဆေးရုံ၏ အခန်းတစ်ခုထံသို့ ဦးတည်နေရသည်...
မလာချင်... မသွားချင်သော်လည်း နှစ်သိမ့်ပေးသင့်သည်လို့တွေးမိခိုက် ရဲတာ လာမိပေသည်...
"အဟင့်... အစ်ကို..."
ဆေးရုံကုတင်ထက်ကနေ ရဲတာအား အားကိုးတကြီးကြည့်နေသည့် မျက်ဝန်းကြောင့် ရင်ထဲတင်းကျပ်လာခဲ့သည်...
သနားစရာကောင်လေးကို နှစ်သိမ့်ပေးရန်အလို့ငှာ အနားသွားပြီး လက်လေး အနွေးဓာတ်ရစေရန် ဆုပ်ကိုင်ပေးလိုက်၏... ဆေးရုံခန်းထဲရှိ air conကြောင့် အအေးဓာတ်တွေ ပြည့်နေသည်မို့ပေါ့...
ရဲတာဝင်လာတော့ ကောင်လေး၏ မိဘနှစ်ပါးမှာ အလိုက်တသိပင် ရှောင်ထွက်ပေးကြသည်...
မိဘတွေထွက်သွားသည်နှင့် ကောင်ငယ်လေးမှာ အကြာကြီးထိန်းထားရတဲ့ မျက်ရည်တွေကို ပါးပြင်ထက်စီးဆင်းခွင့်ပြုလာတော့တယ်...
အချိန်တိုင်းတွေ့ဖြစ်သည်လဲမဟုတ် တစ်ပတ်မှာ နှစ်ရက်သာ စာဝင်သင်ပေးရင်း ရင်းနှီးတယ်ဆိုရုံလောက်သာရှိသောကောင်လေးက ရဲတာရှေ့မှာ လွတ်လွတ်လပ်လပ် ငိုကြွေးနေသည်တဲ့လား...
"ကျောင်းကလူတွေ ကျွန်တော့်ကို ဘယ်လိုမြင်ကြမလဲမသိဘူး... အဟင့်..."
ခေါင်းငုံ့ကာပြောလိုက်သည့် စကားတစ်ခွန်းက ရဲတာရင်ကို ဆုပ်ချေနေ၏...
"အဲ့တာကိုတွေးပူမနေဘဲ ညီလေးသာ နေအမြန်ပြန်ကောင်းအောင်လုပ်နော်..." ဆိုတဲ့ စကားကိုပြောရုံအပြင် ရဲတာတတ်နိုင်တာ ဘာမှမရှိ...
အတင်းအဖျင်းပြောသူတွေရဲ့ပါးစပ်ကိုလဲ ပိတ်ပေးနိုင်စွမ်းမရှိသည်မို့ ရဲတာလုပ်ပေးနိုင်တာက ထိုကောင်လေးကို အာပေးစကားပြောပေးရုံသာရှိ၏...
"အဟမ့်... အဟမ့်..."
ငိုနေလျက် နာနာကျင်ကျင်ရယ်လာကာ...
YOU ARE READING
တိတ်တိတ်ကလေး နဲ့ တိုးတိုးလေး/တိတ်တိတ်ကလေးနဲ့တိုးတိုးလေး(Complete)
Fantasy21.July.2021 Own Creation