(Unicode)
အပိုင်း(၂၁)
တိတ်တိတ်ကလေး နဲ့ တိုးတိုးလေး ပြီးပါပြီ🎼သူ မလာ လာလာ လာလာလာ
ကိုယ်ကစောင့်ရမှာ...သီချင်းလေးညည်းရင်း အလှဆုံးဖြစ်အောင် ပြင်နေသည့် ကောင်မလေးတစ်ယောက်ရဲ့ သီချင်းဆိုသံသည် ဘေးခန်းရှိ အိပ်နေသူတွေရဲ့ နှိုးစက်ဖြစ်သွား၏...
"နီတာရေ ပိတ်ရက်မှာတော့ အေးဆေးအိပ်ပါရစေ!..."
တစ်ဖက်ခန်းကအော်သံကို လျှာထုတ်ပြီး ပြောင်ပြလိုက်သည်...
"သူတို့ညံရင်ကျရတယ်... ဟွန့်..."
တစ်ဖက်ခန်းကညံရင် နီတာ့ရဲ့အော်ပြောသံက ပိုကျယ်သည်ကတော့... ... ...
နီတာ ဘားအံကွန်ပျူတာတက္ကသိုလ်ကို ဝင်ခွင့်ရခဲ့ပေမယ့် ကျောင်းဆောင်တွေက ဆောက်လက်စဖြစ်တာကြောင့် သံလွင်မြစ်ကမ်းဘေးက မိန်းကလေးဘော်ဒါဆောင်မှာ တစ်ယောက်ခန်းငှားနေရသည်... အခုတော့ အိမ်နဲ့အဝေးမှာကျောင်းလာတက်တာ တစ်လကျော်ပြီဖြစ်သည်...
တစ်လကျော်တဲ့ဒီအချိန်မှာ နီတာ အတက်ကြွဆုံးတက်ကြွနေခဲ့ရသည်က အကြောင်းရှိ၏...
ဆိုင်ကယ်လေးမောင်းရင်း နီတာ့ဆီလာမယ့်သူကို ရပ်စောင့်နေရသည်က ဘယ်တော့မှ ရိုးမသွားပါ... အခုလဲ အဝေးကလှမ်းမြင်နေရတဲ့ ဆိုင်ကယ်လေးကို လက်ပြကာ ခုန်ပေါက်နေမိသည်...
အဆောင်ရှေ့မှာ ခုန်ပေါက်နေတဲ့ ကောင်မလေးကြောင့် ရတီ ဆိုင်ကယ်မောင်းလျက် ခေါင်းခါရချေပြီဖြစ်သည်... တကယ့်ကို ကလေးစိတ် မပျောက်သေးတာပါ...
နီတာ့ကျောင်းပိတ်ရက်တိုင်း ရတီ ဘားအံသို့တက်လာဖြစ်သည်... ကောင်မလေးနေတဲ့ ဘားကပ်ရွာလေးနဲ့ပင် အသားကျလို့နေပါပြီ...
ဆိုင်ကယ်က အဆောင်ရှေ့မှာရပ်တယ်ဆိုခြင်းမှာပင် လူကို ဆိုင်ကယ်ပေါ်ကအတင်းဆင်းခိုင်းနေသည့် ကောင်မလေး...
"နေဦး နီတာရဲ့... နောက်မှာ ရဲတာနဲ့ကိုလင်းတို့ ပါလာတယ်..."
"ဘာ!!!..."
နီတာ့ခေါင်းပေါ် မိုးကြိုးအတောင့်လိုက် ပစ်ချလိုက်သည့် စကားပင်...
YOU ARE READING
တိတ်တိတ်ကလေး နဲ့ တိုးတိုးလေး/တိတ်တိတ်ကလေးနဲ့တိုးတိုးလေး(Complete)
Fantasy21.July.2021 Own Creation