(Unicode)
အပိုင်း(၁၆)
မျက်ရည်တွေသာ စကားပြောတတ်ခဲ့လျှင်နီတာတို့မောင်နှမနှစ်ယောက် taxiငှားပြီး သီရိမြိုင်အိမ်ယာထဲ ရောက်လာကြသည်...
အိမ်ယာရှိ အခန်းတစ်ခန်းရှေ့မှာရပ်ရင်း လူခေါ်ဘဲလ်တီးလိုက်တော့ မကြာပါဘူး ချက်ချင်းတံခါးကပွင့်လာသည်...
ရဲတာတို့ရောက်နေတာ ဇွတ်ကပ်သူရဲ့အိမ်ခန်းရှေ့မှာဖြစ်သည်... သို့သော် တံခါးလာဖွင့်ပေးသူဟာ တစ်ခါမှမမြင်ဖူးသည့် ခပ်ချောချော အစ်မတစ်ယောက်သာဖြစ်နေ၏...
"ဒါ ကိုကောင်းဇေလင်းရဲ့ အိမ်မဟုတ်ဘူးလားဗျ..." လို့ မေးကြည့်လိုက်တော့ ရဲတာရဲ့ပခုံးကို မညင်မသာပုတ်လာသည့် ညီမစုတ်...
"ဒီအစ်မက ကိုလင်းရဲ့သူငယ်ချင်းဟဲ့... ဟီး"
နဒီတောင် ပြန်မဖြေရသေးဘူး အစ်ကိုကို လက်သံပြောင်ပြောင်နဲ့ ဆော်ထည့်လိုက်ပြီး နဒီ့ကို သွားဖြီးပြီးတောင် ပြန်ပြုံးပြလာတဲ့ ကောင်မလေးကို အသည်းယားမိသည်... တကယ်ကို အသွက်လေးပေ...
"အစ်မကို သိတယ်လား..." လို့ ပြန်မေးလာတဲ့ အစ်မကို နီတာ ခေါင်းညိတ်ပြလိုက်သည်...
"ဟိုတစ်ခါ ကမ်းနားလမ်းမှာ တွေ့ဖူးတာ... ဟီး..."
ထပ်ရယ်ပြလာတာကြောင့် နဒီပါ မနေနိုင်ရယ်ရတော့သည်...
"ဟုတ်ပါပြီရှင်... အိမ်ထဲကြွကြပါ..."
ရဲတာတို့ အိမ်ထဲရောက်တဲ့အချိန်မှာတော့ အိမ်ရှေ့ကြမ်းပြင်မှာထိုင်ပြီး မုန်ညင်းရွက်လှီးနေတဲ့ အစ်မကြီးနောက်တစ်ယောက်ရယ် ဘာမှမလုပ်ဘဲ ဘေးမှာငုတ်တုတ်ထိုင်နေတဲ့ မျက်နှာတည်တည် အစ်ကိုကြီးတစ်ယောက်ကို တွေ့ရတော့သည်...
ရဲတာတို့ ထိုနှစ်ယောက်ဘေးမှာဘဲ ဝိုင်းဖွဲ့ထိုင်လိုက်တော့ တံခါးလာဖွင့်ပေးတဲ့အစ်မက မိတ်ဆက်လာသည်...
"အစ်မနာမည်က နဒီ... ဒါက လင်းလက်ဆန်း..."
အရွက်လှီးနေတဲ့အစ်မကို ညွှန်ပြပြီး မိတ်ဆက်ပေးပြီးတာနဲ့ ကျန်တစ်ယောက်ကို မေးဆတ်ပြပြီး
YOU ARE READING
တိတ်တိတ်ကလေး နဲ့ တိုးတိုးလေး/တိတ်တိတ်ကလေးနဲ့တိုးတိုးလေး(Complete)
Fantasy21.July.2021 Own Creation