ချန်းယောလ်က ဒီနေ့သူ့ဘလူးလေးကို အိမ်အထိဆွေ
ပြမျိုးပြ ခေါ်လာသည် ။ ဒါပေမဲ့ မဆီမဆိုင် ကျက်သ
ရေအဖြာဖြာတုံးတဲ့ နှစ်ကောင်လဲ လိုက်လာကြသည်။
ချန်းယောလ်က တစက်ကလေးမှ မခေါ်ချင်ပေမဲ့လဲ
ဘလူးလေးရှေ့မှာမို့ သည်းခံရရှာသည် ။ မေမေက
တော့ ဘလူးလေးကို တော်တော်လေး ချစ်ရှာသည် ။
မမကလဲ သည်းသည်းလှုပ် ၊ တူတော်မောင်လေးက
တော့ ဘလူး ဘလူး လို့ အပြာရောင်ဆံပင်လေးတွေ
ကို ချစ်စရာကောင်းပြီး ဘလင်းဘလင်းထ,နေတဲ့
မျက်လုံးဝိုင်းဝိုင်းတောက်တောက်လေးဖြင့် ကြည့်နေ
ရှာသည် ။ သူ့မှာ အနားကပင် မခွာနိုင်အောင် တိပ်
ကလေးလို ဘလူးနားကပ်နေတာ ချန်းယောလ်ပင်
ခွာမရပါ ။ဂျိုင်းအောက်ကနေ ပွေ့ယူကာ တခြားခုံပေါ်
မ,တင်ပေးလိုက်ပေမဲ့ ဒင်းလေးက အနားပြန်ရောက်
လာပြီး ဆံပင်အပြာလေးတွေကို တမေ့တမောငေး
နေသည်က တောက်ပစွာဖြင့် ။" မေမေ ကိုကို့ဆံပင်က ဘလူး ဘလူး လှတယ် "
မေမေဖြစ်သူကိုလဲ ရွှင်ပြနေတဲ့အသံလေးဖြင့် လှမ်း
ပြောပြသေးသည် ။ အနားကလဲ ခွာဖို့မကြိုးစား ။" ဟေ့ကောင် ဒါ ငါ့ကောင်လေးနော် "
" သားက ကိုကို့ဆံပင်တွေကို ထိကြည့်ချင်တာပါ "
ကလေးက အရမ်းကိုစူးစမ်းချင်စိတ်အပြည့်နှင့် မျက်
ဝန်းတွေထဲ စိတ်အားထက်သန်နေသည့်ပုံရိပ်အပြည့်။
အပြာရောင်လေးနှင့် ဘတ်ဟျွန်းကလဲ တမေ့တမော
ငေးကြည့်ချင်စရာလေး မဟုတ်ပါလား ။" အီးယား ကိုကိုက ထိခွင့်ပေးမှာပေါ့ကွာ လာ "
ကလေးက ဆိုဖာပေါ်ကနေ မတ်တပ်ထရပ်ကာဆံပင်
ပြာပြာလေးတွေကို ထိကြည့်ပြီး ရွှင်မြူးနေတော့၏ ။
တခေါင်းလုံး ပြာနေတာမျိုးက အရမ်းကြည့်ရလှနေ
တော့ ကလေးလေး သဘောကျနေတာလဲ မဆန်း ။" မောင်ကတော့ ကလေးနဲ့အပြိုင် "
ကလေးနှင့်အပြိုင် ဆံပင်ကိုင်ကြည့်နေသူက ပတ်
ချန်းယောလ်ပင် ။ နူးနူးအိအိဆံပင်သားလေးတွေက
သူ့လက်ချောင်းတွေထဲတွင် ပျော်ဝင်သွားတော့ မ
ယောင် ။ အိအိစက်စက် ဖယောင်းသားလေးတွေလို ။
ဆံပင်အပြာလေးတွေကြား မျက်နှာအပ်ကာ တချက်
မွှေးကြူလိုက်ရရင်ဖြင့် မောင်တော့ ရူးပေဦးမည် ။အ
မှန်တွင် ခဏခဏ စိတ်ရှိတိုင်း သူ နမ်ဖူးပါသည် ။သို့
ပေမဲ့ စားရတဲ့ကလေး ပိုငတ်သလို သူ့အဖြစ်။ အမြဲ
တမ်း ထိတွေ့ပြီး လက်ချောင်းတွေဖြင့် ကစားချင်၏ ။
မွှေးကြူပစ်ချင်သည် ။ တစိမ့်စိမ့် ငေးကြည့်ချင်သည်။