ဒီထက်ပိုပြီး သည်းမခံနိုင်တော့ဘူး 🔥အတန်းထဲက သူငယ်ချင်းတစ်ချို့နဲ့ ကန်တင်းမှာ ဝိုင်း
ဖွဲ့ပြီးထိုင်ကြတော့ လူအင်အားက ရှစ်ယောက် ။ ဝိုင်း
နှစ်ဝိုင်းဆက်ပြီး စုထိုင်ကြတော့ သူတို့ဝိုင်းက လူများ
နေတော့ ဆိုင်အလယ်ကြီးမှာ ထင်ထင်းရှင်းရှင်းကြီး။
ချန်းယောလ်အနေနဲ့ကတော့ လူများနေရင် မကြိုက်
ပေမဲ့ တစ်ခန်းထဲသမားတွေမို့ ဘာမှမပြောဖြစ်။တိတ်
တဆိတ်သာထိုင်နေပြီးအအေးခွက်ထဲက ပိုက်ကိုသာ
မွှေလိုက် ၊ ရေခဲတုံးကို ပိုက်နဲ့ထိုးလိုက် လုပ်နေပြီး ၊
စကားတခွန်း မပြောဖြစ် ။ ဟွန်ဆောင်းကတော့ လေ
အလကားရနေတာမို့ သေတဲ့အထိ ပြောနိုင်မဲ့လူမျိုး။
ရှစ်ယောက်ဝိုင်းမို့ တော်တော်လဲ ဆူညံနေသေးတယ်၊" ဂျွန်ယောင်း ဟိုးမှာ မင်းရဲ့ အပြာရောင်လေး "
ဆူညံသံတွေကြား ထိုးခွဲပြီးထွက်လာတဲ့ အသံတစ်ခု ။
ချန်းယောလ် ဆတ်ခနဲ ခေါင်းမော့လိုက်တယ်။အပြာ
ရောင်လေးလို့ ကြားလိုက်ရတာ သူတစ်ယောက်ထဲ
ဟုတ်ပုံမပေါ်ဘူး ။ ပါးစပ်က အမြုပ်ထွက်မတတ် လေ
ပေါနေတဲ့ ဟွန်ဆောင်းကလဲ တိခနဲအသံတိတ်ကျ
သွားပြီး အကြည့်ချင်းလာဆုံတယ် ။ သူတို့တွေအ
ကြည့်အားလုံးက ဆိုင် အပြင်ဘက်က အပြာရောင်
ဆံပင်လေးတွေနှင့် ကောင်လေးတစ်ယောက်ထံ စုပုံ
ရောက်သွားကြတော့တယ် ။ ပွတ်လောရိုက်နေတဲ့
ပါးစပ်ခုနှစ်ပေါက်ကလဲ မီးကို ရေနဲ့ လောင်းချလိုက်
သလို တိခနဲ တိတ်ကျသွားကြတော့၏ ။မင်းရဲ့ အပြာရောင်ကလေး ။
သူ့နားထဲ ဒီစကားသာ အထပ်ထပ် ။ ဘယ်သူကများ
ရာရာစစ သူ့ကိုယ်ပိုင်အပြာရောင်လေးအဖြစ် သတ်
မှတ်ရဲတာလဲ။ပိုက်ကိုကိုင်ထားတဲ့ လက်က တင်းခနဲ။
မျက်ခုံးတွေက ထိစပ်သွားမတတ် တွန်းချိုးသွားတယ်၊" ကြည့်စမ်းကွာ ဆံပင်လေးတွေကဖွပစ်ချင်စရာလေး
ဒါမှ မရူးသွပ်ရင် တစ်သက်လုံး ငါ မရူးတော့ဘူးကွ "" မင်းကိုယ်က ငြိမ်လွန်းနေတာပါကွာ ကြိုက်ချင်လဲ
နီးစပ်အောင်ကြိုးစားပြီး ဖွင့်ပြောကြည့်လိုက်ပေါ့ "