[ ဘလူး ] ချစ်တယ်ဗျ 💙ဝါး ........![တုံးအသူ ကိုကြီး]
___________________________________
ချန်းယောလ် : ငါ ဒီလိုရီပလိုင်းပြန်လိုက်တယ်
ဟွန်ဆောင်း : ................
ဟွန်ဆောင်းအတွက် ဒါက ပုံမှန်မဟုတ်နေမှုကြီး ။
ဘုရား! ဘုရား တ,ရတာ ဒီနေ့အတွင်း ကုသိုလ်တော်
တော်လေးလဲ ရနေပြီမို့ အထူးကျေးဇူးတင်မိသည် ။
ဒါကြီးကတော့ များသွားပြီ မဟုတ်ဘူး လွန်သွားပြီ
ပတ်ချန်းယောလ် ။ ဒီကောင့်မှာ အချစ်ရေးအချစ်ရာနဲ့
အတွေ့အကြုံမရှိဘူးဆိုတာ သိပေမဲ့ ဒါကြီးကတော့
တအား တအား လွန်လွန်းရာကျသွားပြီ ။ဝါးးးးးး!!
ဘာဝါးတာလဲ ။ ဘာကိုဝါးတာလဲ ။ဘာဝါးချင်တာလဲ။
အား ဒီခွေးကောင်တော့ ဘာဝါးချင်ပြန်တာလဲကွ လို့
သာ သူဆဲရေးပြီး လည်ပင်းညှစ်လိုက်ချင်ပေမဲ့ ပါးစပ်
ကို တင်းတင်းစိကာ သည်းခံစိတ်ကို မွေးလိုက်ရ၏ ။
သို့ပေမဲ့ သည်းခံစိတ်ကလေးကို ချန်းယောလ်ကဆွ၏ချန်းယောလ် : ဘယ်လိုလဲ အဆင်ပြေလား ?
!!!
ဟွန်ဆောင်း : ချီးကိုအဆင်ပြေရမှာလားကွ ဟမ်
ဝါး ဟုတ်လား ဘာဝါးတာလဲ မင်းက
ဘလူးလေးက ချစ်တယ်ဗျ ကို
မင်းက ဝါးးး ဟုတ်လား ဟေ့ကောင်
စောက်ခွက်ပြောင်တာလား ရွဲ့နေ
တာလား မင်း !!!!!
ချန်းယောလ် : မင်းပဲ အံ့သြကြောင်းပြလိုက်ဆို
ဟွန်ဆောင်း : အား !!!! သွေးတက်လိုက်တာ
" ဘာဖြစ်တယ် ဝါး !!! ဟုတ်လား အေး ဝါးနေလိုက်
ခွေးကောင် တုံးတာထက်ပိုသွားပြီ ငါတော့ ဘလူး
လေးကို ပြေးပြီးနှစ်သိမ့်ပေးချင်သွားပြီ အား !!! "