ဒီအတွဲ ဘယ်လောက်အော်ဂလီဆန်စရာကောင်း
လိုက်သလဲ! !မနက်ခင်း နေက ရင်ထဲခပ်နွေးနွေး ။ ကန်တင်းထဲ
ဝယ် စကားသံတွေ ဆူညံပွတ်လောရိုက်နေပေမဲ့ သူ့
နားထဲတော့ အခြားအသံတွေကိုရှောင်ကွင်းပြီး သူ
ကြားချင်တဲ့ အသံလေးသာ ကွက်ကြားနေသည် ။
သူ့နားတွေက ဘတ်လိုက်တတ်သည် ။ ကော်ဖီပူပူက
လည်ချောင်းထဲ စီးဝင်သွားပေမဲ့ မျက်စိရှေ့က အေး
ချမ်းရာလေးကြောင့် ပူရမှန်းသူမသိလိုက် ။ အခု သူ့
အနေအထားက တောအုပ်ငယ်လေးထဲ တစ်ယောက်
ထဲ ရောက်ရှိနေတဲ့ သူလိုပါပဲ ။ကြီးမားတဲ့ သစ်ပင်ကြီး
အရိပ်အောက် လဲလျောင်းရင်း ကျေးငှက်တွေရဲ့ သီ
ဆိုသံလေးတွေကို နားစွင့်ရင်း ၊ ရင်ထဲဝယ် စီးချောင်း
ထဲက စမ်းရေလေးပမာ အေးချမ်းနေသည် ။" နားထောင်နေရဲ့လားဗျ "
ရှေ့က ကောင်ကလေးက စူစူအောင့်အောင့် မေးခွန်း
ထုတ်တော့မှ ချန်းယောလ် အတွေးရေယာဉ်ကြော
ပြတ်တောက်သွားပြီး လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။" ဟမ် အင်း နား နားထောင်နေတယ် "
" ဘာလဲဗျာ အာပေါက်မတတ်ပြောပြနေတာကို "
အပြာရောင်လေးက သူ့ကို ကြည့်ထားသမျှ ရုပ်ရှင်
ဇာတ်ကားအကြောင်းတွေ မနားတမ်းပြောပြနေတာ။
ချန်းယောလ်အနေနဲ့က ရုပ်ရှင်ထက် စာအုပ်ဖတ်ရတာကို နှစ်သက်သူဖြစ်ပေမဲ့ ဘတ်ဟျွန်း ပြောပြရင်
တော့ တမေ့တမောငေးကြည့်ရင်း တဝကြီး နား
ထောင်ပေးချင်ပါတယ် ။အင် ! ရုတ်တရတ်ကြီး သူ့နှာခေါင်းထဲ အနံ့အသက်
ဆိုးဆိုးရွားရွားကြီးက ဝင်လာတယ် ။ဆိုးဝါးလိုက်တာ။
ဒါက ဘယ်လိုအနံ့ဆိုးကြီးလဲ ။ သူ့တောအုပ်ငယ်လေး
ထဲ ဘယ်လိုရွံစရာအကောင်တစ်ကောင် ဝင်လာတာ
လဲ ။ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ အားလုံး
က ဘာအနံ့အသက်မှမရကြသလို အေးအေးဆေး
ဆေးပဲ ။ သူ့ရှေ့က အပြာလေးကလဲ အေးအေးဆေး
ဆေးပဲ ကော်ဖီတငုံသောက်လိုက် ၊ ရုပ်ရှင်ကား အ
ကြောင်းဆက်ပြောပြလိုက်နှင့် ဘာအနံ့ဆိုးကြီးမှ မရ
နေသလိုမျိုး ။ ဒါဆို ငါတစ်ယောက်ထဲပဲလား?