ခြောက်ဆယ့်တစ်ကြိမ်မြောက်အဖြေ 🍀" ဘီအယ်ယူအီး ဘလူး အပြာရောင် "
တူတော်မောင်၏ မပီကလာ အသံလေးကြောင့် ချန်း
ယောလ် ပြုံးမိသွားသည် ။ အပြာရောင်ခြယ်ထားတဲ့
အကွက်ကလေးကို လက်ညိုးလေးနှင့် ထောက်ကာ
ပါးစပ်ကလဲ ဘလူး အပြာရောင် ဆိုပြီး ခဏ ခဏ ဆို
နေသည်က အကြိမ်ပေါင်းများစွာ ။ ဒီကလေး တစ်ခါ
ဆိုတိုင်း ချန်းယောလ်မှာ နေရင်းထိုင်ရင်း မျက်နှာ
ထက် အပြုံးရိပ်ကသမ်းနေသည် ။" ဘလူးကို သားသား ကြိုက်လား "
မမက သူ့ကလေးကို အပြာရောင်ကို ကြိုက်သလား
မေးနေပေမဲ့ တကယ်တမ်း ခေါင်းတစ်ဆတ်ဆတ်
ညိတ်ပြချင်နေသည်က ချန်းယောလ်သာ ။ တူလေး၏
စာအုပ်လေးထဲက အပြာရောင်အကွက်ကလေးကို
လှမ်းကြည့်ပြီး ချန်းယောလ်က ခေါင်းပြာပြာလေးကို
မြင်လာသည် ။ ဖွာခနဲ ဖွာခနဲ ၊ အိခနဲ အိခနဲ ၊ ဆံပင်
ပြာပြာကလေးတွေ ။ ကိုင်ကြည့်ဖူးသည် ။ ထပ်ခါထပ်
ခါ ကိုင်ကြည့်ချင်လောက်အောင် ဆွဲဆောင်လွန်း၏ ။
ထူးဆန်းလိုက်တာလို့လဲအခါခါတွေးကြည့်ခဲ့ဖူးသည်။
အရောင်ဆိုးထားမှန်းပေမဲ့ဒီကောင်လေးနှင့်မှ ဂန္တာဝင်
မြောက်အောင် လှလွန်းသည်ဟု ထင်သည် ။ဘလူးကလေး ။ အပြာရောင်ကလေး ။
" ဘလူးက အပြာရောင်ဟုတ်လို့လားကွ "
ချန်းယောလ်က တူကလေးကို လှမ်းစလိုက်သည် ။
" မေမေ ဦးဦးကလေ ဘလူးဆိုတာ အပြာရောင်မှန်း
မသိဘူး တုံးလိုက်တာ သားသား သင်ပေးမယ်
လိုက်ဆို ဘီအယ်ယူအီး ဘလူး အပြာရောင် "ချန်းယောလ် ရယ်အော်လိုက်ရင်း တူလေးကို ပေါင်
ပေါ်ဆွဲတင်ကာ ဆံပင်လေးတွေကို ဆွဲဖွလိုက်သည်။
ပါးနှစ်ဖက်ကို မွှေးကြူလိုက်ကာ ပြုံးနေမိတော့သည်။
ဘာရယ်မဟုတ် တူလေးရဲ့ဆံပင်လေးတွေကို ကိုင်
ကြည့်ရင်း ဆံပင်အပြာလေးတွေကိုသွားသတိရမိ၏။" အပြာရောင်ဆိုးမလား မဆိုးပါနဲ့ကွာ အပြာရောင်
က လူတိုင်းနဲ့မလိုက်ဘူးကွ ကမ္ဘာပေါ်မှာတစ်ယောက်
လောက်ပဲ လိုက်တာ ဟား ဟား "