Qing Kong အလုပ်တွေ အရမ်းရှုပ်နေခဲ့ပြီးတော့ ရလဒ့်အနေနဲ့သူ ညဆိုင်းပါဆင်းနေရသည်. ဆိုလိုတာကတော့ သူ့မှာ သီချင်းဆိုဖို့ အချိန်မရှိတဲ့အပြင် ဇာတ်လမ်းတွေအတွက် အသံသွင်းတာတွေကိုလည်း အချိန်တစ်ခုထိနားထားရသည်.
သူအနက်အစောကြီးထသွားရပြီး ညမိုးချူပ်မှအိမ်ပြန်လာနိုင်သည်.
ည 11 12လောက် အချိန်မှာတော့ Wu Ming ဘေးအခန်းက ပြန်လာတဲ့အသံကို ကြားလိုက်ရသည်. ဒါကြောင့်သူ ကုတင်ပေါ်မှာ လိမ့်လိုက်ပြီးတော့ weiboမှာ တစ်ခုခုတင်ထားမလား ကြည့်ကြည့်လ်ုက်သည်.
Wu Mingသက်ပြင်းချလိုက်သည်. ငါခုချိန်ထိ Clear Skyကို မတွေ့ရတာ ရက်တော်တော်တောင် ကြာနေပြီQAQ.
Qing Kongက အရမ်းပင်ပန်းနေခဲ့သည်. သူကွန်ပြူတာရှေ့မှာ ထိုင်ချလိုက်ပြီးတော့ သူ့နားထင်ကို ပွတ်လိုက်သည်. သူ့မှာ laptopကို ဖွင့်ဖို့တောင် အားတစ်စက်မှရှိမနေပေ. ဒါပဲ့မယ့် သူ့မှာရွေးချယ်စရာမရှိပါ. သူ့ဒီနေ့ည ဒါကို အပြီးသတ်ပြီးတော့ CVဋ္ဌာနကို ဝန်ထမ်းဆီကို လွှဲပေးရမှယဖြစ်သည်. သူ အသက်ပြင်းပြင်းရှူလိုက်ပြီးတော့ laptopကို ဖွင့်လိုက်တော့သည်.
Laptopရဲ့ မျက်နှာပြင်က လင်းလာသည်. အပြာရောင် windowမျက်နှာပြင်က ကြိုဆိုလာတဲ့အချိန်မှာတော့ သူ သူ့ရဲ့အိမ်နီးချင်းလေးကို ရုတ်တရက် သတိရသွားသည်. သူ့တို့နောက်ဆုံးတွေ့ခဲ့တာ ရက်နည်နည်းတောင် ကြာပြီးမှန်း သတိရသွားသည်.
Qing Kongနံရံကို သာသာလေး ခေါက်ကြည့်လိုက်သည်.
ဘေးခန်းကအိမ်နီးချင်းလေးက အိပ်ပျော်နေလောက်ပြီမလား? တွေးကြည့်မှ အိမ်နီးချင်းလေးက သူသီချင်းဆိုတာကို ကြားနိုင်တယ်မလား အဲ့နေ့ကလိုမျိူးမှာပေါ့....?
Wu Mingက အိပ်မပျော်သေးပေ အဲ့တော့သူ နံရံရဲ့အခြားတစ်ဖက်က လာတဲ့ "ဒေါက် ဒေါက် ဒေါက်" ဆိုတဲ့အသံကိုကြားလိုက်ရသည်. သူရဲရဲတင်းတင်းပဲ ပြန်တုံ့ပြန်တဲ့အနေနဲ့ ပြန်ခေါက်လိုက်သည်. "ဒေါက် ဒေါက် ဒေါက်?”
Qing Kong နည်းနည်းရှက်သွားသည်. တစ်ဖက်လူက တကယ်ကြားနိုင်တာလား? သူထပ်ပြီးတော့ သုံးခေါက် ထပ်ခေါက်လိုက်သည်.
BẠN ĐANG ĐỌC
ဘေးအခန်းက ဗိုက်ကြီးသည်(MM Tran)
Truyện Ngắnသူအမြဲတမ်း Qing Kongရဲ့ weibo status update တွေတိုင်းမှာ reply တွေဝင်ပြန်တယ်. ပြီးတော့ Qing kong ရဲ့channelကနေ သူရဲ့သီချင်းတိုင်း ကိုနားထောင်ဖို့ laptopရှေ့မှာ အခြားသူတွေနဲ့တူတူ fan gathering time တွေတိုင်းကို ထိုင်စောင့်တယ်. Qing Kongပါဝင်ထားတဲ့ a...