04

315 78 4
                                    

Qing kongကအခန်းထဲကိုဝင်လာတဲ့ အချိန်မှာတော့ Wu Ming ဖိနပ်စင်ကနေ ဖိနပိတစ်ရံထုတ်ပြီးတော့ ”အိမ်မှာလိုပဲ နေနော်. TVလည်းဖွင့်ကြည့်လို့ရတယ်. ငါဖက်ထုတ်တွေ သွာကြည့်လိုက်ဦးမယ်”

အခန်းနှစ်ခန်းက တူညီတဲ့နံရံပဲခြားထားပြီးတော့ အဆောက်အဦးမှာရှိတဲ့ အခန်းတိုင်းရဲ့ အတွင်းဒီဇိုင်းက ဆောက်ထားတဲ့ပုံတူတူတွေပဲ. Qing Kongဒီကို ခဏခဏအလည်မလာဘူးပဲ့မယ့် သူနဲ့စိမ်းနေသလိုမခံစားရဘူး. သူတို့နှစ်ခန်းရဲ့ တစ်ခုတည်းသောကွာခြားချက်ကတော့ သူ့အခန်းနဲ့ယှဉ်ရင် သူ့အိမ်နီးချင်းလေးအခန်းက သေသေသပ်သပ် စနစ်တကျဖွဲစည်းထားတာပဲ.

Qing Kong သန့်ရှင်းသပ်ရပ်နေတဲ့ အခန်းကို လျှောက်ကြည့်ပြီးတော့ မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေတဲ့ Wu Ming ကိုလည်း ကြည့်မိသွားတယ်. သူနည်းနည်းတောင် ရှက်ကိုးရှက်ကန်းဖြစ်သွားသလို ခံစားရတယ်

ခုချိန်မှာဆို တိုက်ခန်းတွေမှာနေတဲ့ သူတွေက သူတို့ရဲ့ အိမ်နီးချင်းတွေနဲ့ ခင်မင်တယ်ဆိုတာ တကယ်ကိုရှားရှားပါးပါးပဲ. အဆောက်အဦးတွေမှာ ဆယ်စုနှစ်တစ်ခုလောက်ထိနေတဲ့ အချို့လူတွေဆို ခုချိန်ထိ သူတို့အိမ်နီးချင်းဘယ်သူမှန်းမသိတာတွေတောင် ရှိတယ်. သူက တကယ်ကို ကံကောင်းတာပဲ. ဒီလိုကြင်နာပြီး တိတ်ဆိတ်တဲ့ အိမ်နီးချင်းလေးနဲ့နေရတာ ပြောဆိုရတာလည်း ကောင်းတဲ့အပြင် ဘယ်တော့မှလည်း ရန်မရှာဘူး. ပြီးတော့ သူတစ်ခုခု အရသာရှိတာ ချက်ဖြစ်ခဲ့ရင်လည်း သူ့ကိုလာပေးသေးတယ်. အဲ့လိုတွေဖြစ်နေတာကကိုပဲ သူ(QK) သူ(WM)ပေးတဲ့ အစားအစာတွေဆိုယူရမှာကို ပိုပြီးရှက်ကိုးရှက်ကန်းဖြစ်စေတာပဲ

သူ့ရဲ့အိမ်နီးချင်းလေးက သူ့ကိုအစားအသောက်တွေတော့ ခဏခဏလာပေးပဲ့မယ့် ဒီလိုလာစားဖို့အတွက် ဖိတ်တာကတာ့ ဒါပထမဆုံး အကြိမ်ပဲ.

သူမကြာခဏ သူ့ရဲ့channelမှာ သူ့ရဲ့ဘေးအခန်းမှာ ကိုယ်ဝန်သည်နေတယ်လို့ အခြားသူတွေနဲ့စနောက်နေတာတွေအတွက် သူတကယ်ကိုအားနာသလို ခံစားရတယ်.

နေရာတစ်ခုလုံးက သေသေချာချာဖွဲ့စည်းထားတဲ့အပြင် သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းလေးဖြစ်နေတယ် . ဒါ့အပြင် အခန်းပိုင်ရှင်လေးကလည်း ကြင်နာပြီးတော့ အရသာရှိတဲ့ အစားအသောက်တွေ ဘယ်လိုလုပ်ရမလဲဆိုတာလည်း သိနေသေးတယ်. Wu Ming ကိုလက်ထပ်ရတဲ့ ဘယ်သူမဆို သေချာတယ် ရှစ်ဘဝလောက်ထိ ကံကောင်းမှုတွေ စုထားခဲ့တဲ့သူဖြစ်လောက်တယ်

ဘေးအခန်းက ဗိုက်ကြီးသည်(MM Tran)Donde viven las historias. Descúbrelo ahora