09

301 85 1
                                    

”ငါ ဆေးသောက်ထားသေးတယ်” Wu Ming အားအင်ကုန်ခံနေတဲ့အသံနဲ့ဖြေလိုက်သည်. သူဆက်ပြီးမရပ်နိုင်တော့ဘူးလို့ ခံစားရတဲ့အချိန်မှာ Qing Kongက သူကို့ အမြန်ထိန်းလိုက်သည်.

”မင်း ကိုယ်အပူချိန်တိုင်းပြီးပြီလား!”

”မတိုင်းရသေးဘူး”

Qing Kong သူ့ကို့ ဧည့်ခန်းထဲက ဆိုဖာပေါ်တွင် ထိုင်ရန် ကူညီပေးလိုက်ရင်း တော်တော်စိတ်ညစ်သွားသည်. Wu Mingကို ကြည့်လိုက်ရင် ဘဝကို ကောင်းကောင်းမွန်မွန်နေပဲ့မယ့် သူဘာသူတော့ ဘယ်လိုဂရုစိုက်ရမလဲမသိဘူး!! ”မင်း သာမိုမီတာကို ဘယ်နားထားလဲ?”

Wu Mingက ဧည့်ခန်းထဲက ဗီရိုကို ညွှန်းပြပြီး ”အရေးပေါ်ဆေးသေတ္တာက အဲ့မှာရှိတယ်....”

Qing Kong ဆေးသေတ္တာထဲက သာမိုမီတာကို အမြန်သွားရှာလိုက်သည်. ပြီးတော့ သာမိုမီတာကိုသုံးပြီး Wu Mingရဲ့ ကိုယ်အပူချိန်ကို စစ်ကြည့်လိုက်သည်..

ငါးမီနစ်လောက်ကြာပြီးတော့ သူသာမိုမီတာကို.ယူကြည့်လိုက်သည်. အဲ့ဒါကို 39°Cဟု ပြနေသည်. သူ့ရဲ့ကိုယ်အပူချိန် တအားများနေတာပဲ ”အခြေအနေမကောင်းဘူး, ငါတို့ဆေးရုံသွားမှဖြစ်မယ်. သွားရအောင်, ငါလည်းလိုက်ခဲ့မယ်”

Wu Mingက ဒီလောက်ထိပြင်းထန်လိမ့်မယ်လို့ မထင်ထားဘူး. ကြည့်ရတာ ဖျားခဲတဲ့သူတစ်ယောက် ဖျားရင် ဒီလိုပြင်းထန်တာနဲ့တူတယ်. သူခေါင်းညိတ်လိုက်ပြီးတော့ Qingကို သူလမ်းလျှောက်ဖို့ ကူညီခိုင်းလိုက်သည်.

သူတို့ ဧည့်ခန်းထဲကထွက်ခါနီးမှာ Wu Ming ရုတ်တစ်ရက် တစ်ခုခုယူဖို့မေ့နေတာ သတိရသွားသည်. ဒါကြောင့် သူQing Kongကို တွန်းလိုက်ပြီးတော့ ”ကျန်းမာရေးအာမခံ, ငါ ကျန်းမာရေးအာမခံကတ် မေ့လာခဲ့တယ်”

”ဘယ်မှာလဲ? ငါ သွားယူလိုက်မယ်”

”ငါ့ အိပ်ခန်းထဲက အလုပ်စားပွဲရဲ့ အံဆွဲထဲမှာ! ”

”ဒီမှာ ခဏစောင့်” Qing Kongက  Wu Mingကို ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ခဏပြန်ထိုင်ခိုင်းထားပြီး အိပ်ခန်းထဲကို သွားလိုက်သည်. အံဆွဲကို ဖွင့်ကြည့်လိုက်ချိန်မှာတော့ ကျန်းမာရေးအာမခံကတ်ကို ဘယ်ဘက်မှာတွေ့လိုက်သည်. သူကတ်ကို အမြန်ယူလိုက်တဲ့အချိန်မှာ ခုံပေါ်မှာရှိတဲ့တစ်ခုခုကို တိုက်မိသွားပြီး ပြုတ်ကျသံကို ကြားလိုက်ရသည်. ခုံပေါ်မှာရှိတဲ့ မှန်ဘောင်တစ်ခုက ကြမ်းပေါ်သို့ ကျသွားသည်.

ဘေးအခန်းက ဗိုက်ကြီးသည်(MM Tran)Où les histoires vivent. Découvrez maintenant