08

466 87 9
                                    

”အဟွတ် အဟွတ် အဟွတ်.....!!!” Qing Kongဒီစကားကိုကြားပြီး ထမင်းသီးသွားတော့သည်. ဘာ! ငါသီချင်းဆိုတာ ကောင်းတယ်? ဒါက သူ့အခန်းထဲမှာ ဖြစ်ပျက်နေသမျှ သူ့အိမ်နီးချင်းလေး ကြားတယ်လို့ဆိုလိုတာမလား?!

ဒါကတော်တော်ဆိုးတယ်. တကယ့် အပေါ်ထပ်က ဗိုက်ကြီးသည်က ပြောင်းသွားပြီးတော့ ဘေးအခန်းက ဗိုက်ကြီးသည်အတုလေးက အရာအားလုံးကို အရင်ထဲကကြားနေရတယ်. နံရံ! တစ်ခု! ခြားနေတာတောင်လေ! အားးး!

သူချီးမွမ်းခံရလို့ ပျော်နေသင့်ပဲ့မယ့် သူဘာလို့ ချောင်းပေါက်အောင် ငိုချင်နေတယ်လို့ ခံစားနေရတာတုန်း.

သူ သူသီချင်းဆိုရင်နေရင် အရမ်းခံစားချက်မြင့်လာတဲ့ အချိန်တွေမှာဆိုရင် ”ဟေး ဘေးအခန်းက ဗိုက်ကြီးသည်, ခင်းဗျားဘာလုပ်နေတုန်း!!” လို့ စိတ်ကြီးဝင်နေတဲ့အသံနဲ့ အော်ခဲ့မိတဲ့ အချိန်တွေကို သတိရသွားသည်. သူ အဲ့စကားကြောင့် သူ့တစ်ကိုယ်လုံးထူပူသွားသည်. ”သူ အဲ့တာက်ုရော ကြားသွားသေးလား?”

Wu Ming တစ်ဖက်လူရဲ့မျက်နှာက လန့်နေတယ့်အမူအရာကို မြင်တော့ သူထပ်ပြီး ပေါက်ကရတွေတွေးနေပြီမှန်း သိလိုက်တော့သည်. သူပြုံးပြီးတော့ ဆက်ပြောလိုက်သည် ”အပေါ်ထပ်က ဗိုက်ကြီးသည်က ပြောင်းသွားတာတောင် ကြာပြီလေ, မင်းမသိသေးဘူးလား?”

”အဟွတ် အဟွတ် အဟွတ်.....!!!” Qing Kong သူ့ပါးစပ်ထဲက အစားအစာတွေကိုတောင် အန်ထွက်မိမလို့ ဖြစ်သွားသည်. ဘာလို့သူက ဒါကြီးကိုပါ ပြောနေရတာတုန်း အား!!

Wu Mingက Qing Kongကို ကြည့်လိုက်သည် ”...........”

”ငါမှားတာ! ဘာမှမဖြစ်ဘူး, ငါနည်းနည်းအမြန်စားလိုက်မိလို့! ” Qing Kongမြန်မြန်ပြောလိုက်သည်.

”ရေနည်းနည်းသောက်လိုက် . အတင်းမသောက်နဲ့” Wu Ming , Qing Kongအတွက် ရေတသ်ခွက် ငှဲ့ပေးလိုက်သည်. ကြင်နာတတ်တဲ့သူတောင် တခါတစ်လေတော့ နည်းနည်းအကျင့်မကောင်းဖြစ်နိုင်သည်. အပြင်ပန်းမှာတော့ သူကစိုးရိမ်ပြီး ဂရုစိုက်တဲ့ပုံပြနေပဲ့မယ့်,  တကယ်တော့ သူ့ရဲ့နှလုံးသားအနက်ရှိုင်းဆုံးမှာတော့ ကျေနပ်နေခဲ့သည်. နောက်ဆုံးတော့.... ငါ လက်စားချေနိုင်ခဲ့ပြီ, ဘာလို့လဲဆိုတော့ မင်းငါ့ကို ဗိုက်ကြီးသည်လို့ နေ့တိုင်းခေါ်နေခဲ့တာလေ!!

ဘေးအခန်းက ဗိုက်ကြီးသည်(MM Tran)Where stories live. Discover now