10

868 104 7
                                    

ဒီနှစ်ရဲ့ကျီရှီပွဲတော်က ကြာသပတေးနေ့မှာ ကျရောက်ခဲ့သည်. အလုပ်ကနေ အိမ်ပြန်လာတဲ့ လမ်းတစ်လျှောက်မှာ Wu Ming အတွဲတွေအများကြီး လက်တွေကိုင်ထားကြပြီးတော့ မျက်နှာပေါ်မှာအပြုံးတွေနဲ့ လမ်းလျှောက်နေကြတာကို မြင်ရသည်. သူတို့နဲ့ယှဥ်ရင် လမ်းပေါ်မှာတစ်ယောက်တည်းလျှောက်နေတဲ့သူက နည်းနည်းအထီးကျန်ဆန်နေသည်.

ပုံမှန်ဆိုရင် သူဒီလိုခံစားရမှာမဟုတ်ပဲ့မယ့် ဒီနှစ်ရဲ့ ကျီရှီပွဲတော်မှာတော့ သူရှင်းပြလို့မရတဲ့ ခါးသက်မှူအချိူ့ကို ခံစားနေရသည်.

အခုတလော ဘေးအခန်းက တခြားလူက သူ့ဆီကို အလည်မလာပေ. ပြီးတော့ တစ်ဖက်လူရဲ့တံခါးကို သွားခေါက်ရမှာလည်း သူရှက်နေသည်. ပြီးရင် ထိုတခြားလူမှာ ကြိုက်နေတဲ့သူရှိနေပြီဆိုတာကိုလည်း ထည့်မပြောလိုပေ.

Qing Kongက ဒီနေ့မှာပင် ထိုလူကိုဖွင့်ပြောလိမ့်မည်. တခြာသူက အောင်မြင်ဖို့ လုံးဝသေချာသည်.

အသံကလည်း နူးညံ့နေပြီးတော့ သီချင်းဆိုတာလည်းကောင်းတယ်. အခြားလူတွေနဲ့လည်း ရင်းနှီးလွယ်တယ်. သူရဲ့ အိမ်နီးချင်းကိုတောင် ဒီလောက်ကြင်နာတာ သူချစ်တဲ့သူနဲ့ဆို ပိုပြီးတော့တောင် ကြင်နာဦးမှာပဲ.

ဘယ်လိုလူက ဒီလိုကြင်နာတတ်တဲ့လူကို ငြင်းနိုင်မှာလဲ?

Wu Mingအိမ်ပြန်ရောက်နဲ့အချိန်မှာ laptopကို ဖွင့်လိုက်ပြီးတော့ weiboထဲဝင်လိုက်သည်. ဒီနေ့ Qing Kongက statusတစ်ခုထဲတင်ထားသည်.

Clear Sky: ကို့ကို မငြင်းပါနဲ့ အိုကေ?

Wu Ming ဝမ်းနည်းတာရော သဝန်တိုတာရော ခံစားလိုက်ရသည်.

No Name replied: Sama အောင်မြင်မှာပါ! ဖိုက်တင်း!

Clear Sky replied: ကောင်းပြီး! ဒါက အပေးအယူပဲနော်!

Wu Mingအံ့သြသွားသည်.ခုတလော Qing Kongဘာလို့ သူ့ရဲ့commentတိုင်းကို ပြန်ဖြေနေတာလဲ?

”ဒင်း ဒေါင်” တံခါးဘဲလ်က မြည်လာခဲ့သည်. Wu Ming သူ့ရဲ့laptopကို ချလိုက်ပြီးတော့ တံခါးသွားဖွင့်လိုက်သည်.

”ဟိုင်း” Qing Kongက နှင်းဆီပန်းစည်းကို သူ့ရဲ့လက်မှာကိုင်ထားပြီးတော့ တောက်ပစွာပြုံးပြသည်.

You've reached the end of published parts.

⏰ Last updated: Jul 15, 2021 ⏰

Add this story to your Library to get notified about new parts!

ဘေးအခန်းက ဗိုက်ကြီးသည်(MM Tran)Where stories live. Discover now