Unicornလေပြေလေးများတဖြူးဖြူးတိုက်နေသော တိမ်တိုက်တိမ်စိုင်တို့အပေါ်တွင် ခရမ်းသီးလေးတစ်လုံးခြေထောက်ပေါက်ကာ တောက်လက်တောက်လက်လျှောက်ပြေးနေသည်။
သူပြေးရတာမောလာလို့ထင်ပါတယ် ခဏနားပြီး တော့မှ ဆက်ပြေးတယ် တစ်နေရာနားရောက်ပြီဆိုတော့မှ ရပ်လိုက်ပြီး အမောဖြေပြီးတော့မှ မတ်မတ်ပြန်ရပ်လိုက်ပြီးတော့ ကိုယ့်ကိုယ်ကို သပ်သပ်ရပ်ရပ်ပြန်ဖြစ်လုပ်လိုက်သည်။
များမကြာမီမှာဘဲ သူ့ရဲ့ အရှေ့တည့်တည့်မှာ တံခါးတစ်ချပ်က အဆုံးမရှိတဲ့ ကောင်းကင်ပေါ်က ကျလာသည်။ ထိုအခါတွင် သူရပ်နေသည့် တိမ်စိုင်တွေရှိ မြူအနည်းငယ်က တံခါးပြုတ်ကျလာသည့် အရှိန်ကြောင့် အနည်းငယ် ရွေ့လျားသွားပြီး နိဗ္ဗာန်သို့ရောက်နေသည်ဟု ထင်ရသော ကောင်းကင်၏အောက်ခြေမှ အလင်းတန်းများက ထွက်ပေါ်လာလေသည်။
တံခါးက မြေကြီးပေါ်သို့ကျပြီး မကြာခင်မှာဘဲ ပွင့်လာလေသည်၊ ပွင့်လာသည် ထက် တံခါး၏အခြားတစ်ဘက်ရှိ လူငယ်လေးက ဖွင့်လိုက်သည်ဆိုရင် ပိုမှန်ပေမည်။
ထိုအခါခရမ်းသီးလေးက ငယ်ရွယ်ပြီး လန်းဆန်းနေပုံရသော လူငယ်လေးကို
" host အဆင်သင့်ဖြစ်ပြီလား။ သွားကြရအောင်"
" ခရမ်းလေး မင်းကလည်း ရောက်တာနဲ့ သွားဖို့ဘဲ။ ဘယ်ကို သွားရမှာလဲ "
"Host တာဝန်ထမ်းဆောင်ရမယ့် ကမ္ဘာကိုပါ။ ဒါနဲ့ Host မှာ
လက်ရှိအမှတ် - ၁၀၀
အရည်အချင်း - ဆပ်ပြာပြုလုပ်သည့် အတတ်ပညာ ရှိနေပြီဖြစ်ပါတယ်"
"အိုကေ အခု ငါကျမယ့် ကမ္ဘာက ဘယ်လိုဟာမျိုးလဲ"
" ဒါကတော့ အထက်ကပြုလုပ်တာဆိုတော့ ပြောပိုင်ခွင့်မရှိပါဘူး။ ဒါပေမယ့် ပထမဆုံး ဝင်ရောက်မယ့် ကမ္ဘာဖြစ်တဲ့အတွက်အတွက် လွယ်မှာပါ Host "
" အင်း အဲ့ဒါဆိုလည်း သွားကြစို့"
"အိုကေ"
ခဏအကြာမှာ ခေါင်းထဲမှ မူးဝေသွားခြင်းနဲ့ အတူ အမှောင်ကမ္ဘာ သို့ အလည်ရောက်ရှိသွားတော့သည်။

YOU ARE READING
I am the boss(the system)
Randomupdate မမှန်တဲ့ author တစ်ယောက်ပါ မကြာခဏတော့ တင်ပေးဖို့ အစီအစဥ်ရှိပါတယ် system အမျိုးအစားဖြစ်ပါတယ်