Intro

338 13 1
                                    

သူ့နာမည်က Alex ။ သူဟာ ဆင်းရဲတယ်လို့လဲ ပြောလို့မရ ချမ်းသာတယ်လို့တယ်လို့လည်း မဆိုနိုင်တဲ့ မိသားစုက မွေးဖွားလာတဲ့ အငယ်ဆုံးသားဖြစ်တယ်။

သူတို့မိသားစုဟာ အလွန်စည်းရုံးပြီး တစ်ဉီးပေါ်တစ်ဉီး အရမ်းကြင်ကြင်နာနာရှိကြတယ်။ ငွေရေးကြေးရေးက စားရုံသောက်ရုံ‌လောက်နဲ့ သားသမီးတွေကို ကျောင်းပညာရေးဆုံခန်းတိုင်အောင် ထားဖို့တော့ လုံလောက်တယ်။

Alex မှာ သူအပါအဝင် မောင်နှမ သုံးယောက်ရှိတယ်။ သူ့ထက် ငါးနှစ်ကြီးတဲ့ အမအကြီးဆုံးရယ် နောက်တော့ သူ့ရဲ့ အမလတ် သူ့ထက်တော့ နှစ်နှစ်ကြီးတယ်။

အမနှစ်ယောက်လုံးက ဘွဲ့ရပြီးတော့ အိမ်ကိုပြန်ထောက်ပံ့ကြတယ်။ သူ့ရဲ့ ပညာရေးစရိတ်အတွက်ကိုပါ သူဘွဲ့ရတဲ့အထိ သူ့ကို ပြုစုပျိုးထောင်ပေးခဲ့တယ်။

သူက တော့ အိမ်က မိသားစုဝင်တွေထဲမှာ အတော်ဆုံးအငယ်ဆုံးနဲ့ အလိုလိုက်ခံရဆုံးပေါ့။ ဒါပေမယ့် တစ်ခုဘဲ တစ်ခု ။

အဲ့ဒီလောက် ပြည့်စုံပြီးအလိုလိုက်ခံထားရတဲ့ ဟာကိုတောင် သူ့ကိုဘာက ဘဝင်မကျ ဖြစ်စေလဲဆို‌တော့ အိမ်က သူ့ကို ဘာလုပ်လုပ်အစိုးရိမ်လွန်တာပါဘဲ ။

သူ့ရဲ့ အမကြီးနှစ်ယောက်လုံးတောင် သူ့ရှေ့မှာ အတောင်အစုံပေါက်လို့ အလုပ်လုပ်ပြီး သူများတွေနဲ့ ပျော်ပျော်ကြီးလျှောက်သွား။ ခရီးတွေဘာတွေထွက်။

သူကျတော့ အပြင်ထွက်တာနဲ့ သေတော့မလို ပြောနေတယ်။ အိမ်က အမေက အဆိုးဆုံးပေါ့ ။ ငယ်ငယ်က သူမွေး‌တော့ ဘယ်ကမှန်းမသိတဲ့ လက္ခဏာ ဆရာတစ်‌ယောက်ကနေဟောလိုက်တာ သူက ဒီဘဝမှာ သက်ဆိုးမရှည်ဘူးတဲ့ ။

အဲ့တာကြောင့် သူ့မှာ သူငယ်ချင်းတွေနဲ့ လည်း လျှောက်မလည်ရ။ ဟိုဟာ မလုပ်ရ ဒါမလုပ်ရနဲ့ ။ ‌နောက်ဆုံးတော့ သူ့ဘဝက ပြဿ ခုနှစ်ထပ်ထိပ်က မင်းသမီးလေးထက်တောင် ဆိုးနေသေးသည်။

ထို့ကြောင့် သူ့ဘွဲ့ရပြီးတာနဲ့ နိုင်ငံခြားကျောင်းတစ်ခုမှာ ဘွဲ့လွန်ကျောင်းတစ်ခုကို အွန်လိုင်းမှတစ်ဆင့်လျှောက်ထားလိုက်သည်။ ကံကောင်းထောက်မစွာနှင့် အမေမသိအောင် အမအကြီးက ကျောင်းစရိတ်များကို ထောက်ပံ့ပေးမယ်ဖြစ်သည်။ အဲ့ဒီတော့ သူ့ရဲ့ အကြံအစည်တွေဟာ သူစာသင်မယ့်နိုင်ငံမှာ အလုပ်လုပ်ရင်းနဲ့ ကျောင်းပြီးရင် တစ်ကမ္ဘာလုံး ခရီးအနှံ့ပတ် ပစ်မယ်ပေါ့။

I am the boss(the system) Where stories live. Discover now