အသက်ဆက်ကြိုး (အသက္ဆက္ႀကိဳး)

78 8 1
                                    

Boom???

ဘာဖြစ်သွားမှန်းမသိမှုနဲ့ အတူ သူဟာ လေတွေတစ်ဟုန်တိုးတိုက်လာတာကို ခံစားမိလိုက်သည်။ သို့သော် သူ၏မျက်လုံးအစုံကို အဘယ်သို့ပင်ပြုလုပ်စေကာမူ ဖွင့်၍မရ။ သူ့ရဲ့ ခန္ဓာကိုယ်ဟာ ရုတ်တရက်တိုင်စိုမ်တွေ အပေါ်ကိုရောက်သွားသလို နူးညံ့ပျော့ပျောင်းတဲ့ အ‌ရာတစ်ခုအပေါ် လှဲလျောင်းနေတာကို ခံစားလိုက်မိသည်။

နေပါဉီး သူက ဘယ်ရောက်လာတာလဲ။ accident ဖြစ်လို့ ဆေးရုံများရောက်လာလေသလား။ ဆေးရုံခုတင်တွေက အဲ့ဒီလောက် မနူးညံ့ပါဘူး။ သူသတိထားလိုက်မိသည် ။သူ့ကိုယ်က နာကျင်မှုကို အလျင်းမခံစားရ။

ဘာတွေဖြစ်ကုန်တာလဲ။ ငါသေပြီမဟုတ်ဘူးလား။

ထိုစဉ်နားထဲတွင် ပျားရည်ကဲ့သို့ ချိုသာလှသော အသံတစ်ခုက မိမိ၏နားမှ တစ်ဆင့်ဖြတ်သန်းကာ မိမိ၏ အာရုံကို နှိုးဆွလိုက်လေသည် ။

" Hello Host!!! Host မျက်လုံးဖွင့်လို့ရပါပြီ "

ဘာနေပါဉီး သူ့ကို Host လို့ခေါ်လိုက်တာလား။

Alex ခပ်မြန်မြန် သူ့မျက်လုံးကို ဖွင့်ကြည့်လိုက်သောအခါ ရုတ်တရက် မျက်စိက ပြာဝေသွားလေသည် ။

တစ်ခဏ အကြာမှာမှ ပြန်ဖွင့်ကြည့်တော့ သူက ခုနက တွေးတဲ့ အတိုင်းပင် တိမ်စိုင်တောထဲရောက်နေတာဖြစ်သည်။

သူလှဲနေရာကနေ ထလိုက်ပြီး ခြေထောက်အောက်ကိုကြည့်ကြည့်လိုက်တော့

"ဝိုး "

ခေါင်းထဲတွင်ရော ပါးစပ်ထဲကပါ ထိုတစ်လုံးထဲပြောနိုင်ပေသည်။

သူ....သူအခုတိမ်တွေပေါ်မှာရောက်နေတယ်ဆိုတော့ သူ....သူ ........... နတ် ပြည်များရောက်သွားတာလား။

" အဟမ်း!!"

ချောင်းဆိုးသံကြားလိုက်‌တော့ ချက်ချင်းနှာခေါင်းကို အုပ်လိုက်မိသည်။ ဒီတိမ်စိုင်တွေပေါ်ထိတော့ covid ပိုးမပါနိုင်လောက်ပါဘူးနော်။

‌နောက်တော့မှ ချောင်းဆိုးသံလာရာဘက်ကိုလှည့်ကြည့်မိသည်။

ခရမ်းရောင်စိုစိုလေး ခရမ်းသီးလေးတစ်တောင့်က လွဲရင် အခြားသူကိုမတွေ့။ အခြားနေရာများကို လှည့်ပတ်ကြည့်သော်လည်း တစ်ယောက်မှမရှိ။

I am the boss(the system) Where stories live. Discover now