Arc 1.1

83 13 3
                                    


Unicode

Alex သူ မူလဇာတ်ကောင်ရဲ့ ရုပ်ရည်ကို ကြည့်ရှုရန်အတွက် သူ့ရဲ့ မှတ်ဉာဏ်ထဲက အတိုင်း မှန်ရှိရာ ‌ဆီသို့ ထကြည့်လိုက်သည်။

ဘုရားရေ ဒီကောင်လေးက အထက်ကျောင်းသားဆိုတာ ယုံဖွယ်ရာရှိလား။

အရပ်က သာမာန်ယောကျာ်းလေးတွေရဲ့ ပုခုံးလောက်ဘဲရှိတယ်။ ဆံပင်လေးတွေက အညိုရောင်ဖျော့ဖျော့လေးတွေ ၊ မျက်စိကိုတောင်ဖုံးနေတယ်။

ဆံပင်ညိုညိုလေးတွေရဲ့ အောက်မှာ ဝိုင်းစက်နေတဲ့ အနက်ရောင် မျက်လုံးလေးတွေက အသက်မပါသလို မှေးမှိန်နေသည်။ ကောင်လေး၏ မျက်လုံးအောက်မှာ အိပ်ချိန်မပြည့်ဝခဲ့သည့် သက်သေလေးများကလည်း ရှိနေသည်။

လက်ကလေးတွေကိုကြည့်တော့ သေးသေးလေးတွေ ။ ခြေထောက်လေးတွေရောဘဲ။

ကိုယ်လုံးလေးကလည်း ဆယ့်ငါးနှစ်သားတောင်သူ့ထက်ကြီးအုံးမယ်။

မူလ ခန္ဓာကိုယ်ပိုင်ရှင်က တော်တော်ဒုက္ခရောက်ခဲ့မှာဘဲ။ သူ့ဘဝရဲ့ မှတ်ဉာဏ်ကို ကြည့်ကြည့်ရမယ်။

သူ့ရဲ့ မိဘတွေက အရင်တုန်းက အရမ်းချမ်းသာတယ်။ သူငယ်ငယ်တုန်းကပေါ့။

နောက်ကျတော့ သူ့ရဲ့ ဆယ်သုံးနှစ်ပြည့် မွေးနေ့မှာဘဲ သူ့အဖေက သူ့အမေကို ဓားနဲ့ထိုးခဲ့တယ်။

အားလုံးက သူ့အဖေက သူ့အမေနဲ့ စကားများပြီးတော့ လက်လွန်တယ်လို့ဘဲထင်ကြတယ်။

ဒါပေမယ့် အဖြစ်မှန်ကို ဘယ်သူမှမသိဘူး။

အိမ်စေတွေရဲ့ ထွက်ဆိုချက်အရ သူ့အဖေက သူ့အမေကို ရန်ဖြစ်ပြီးဓားနဲ့ထိုးခဲ့ဆိုပြီး တော့ တရားသူကြီးက သူရဲ့ အဖေကို ထောင်ဆယ်နှစ်ချလိုက်တယ်။

သူ့အဖေထောင်ကျသွားပြီးကတည်းက သူရဲ့ အရယ်အပြုံးတွေကလည်းနဲသွားခဲ့တယ်၊

ဒါပေမယ့်သူသိတယ် ၊ သူ့အဖေက သူ့အမေကို သတ်မှာမဟုတ်ဘူးဆိုတာ။

ဒါပေမယ့်သူ့မှာ ဘာသက်သေမှမရှိခဲ့ဘူး။

သူ့ရဲ့ဆွေမျိုးတွေက သူ့အဖေထောင်ကျပြီးနောက်ပိုင်းမှာ သူ့တို့မိသားစုရဲ့ စည်းစိမ်းဉစ္စာအများစုကို သိမ်းယူသွားခဲ့တယ်။

You've reached the end of published parts.

⏰ Last updated: Jul 10, 2021 ⏰

Add this story to your Library to get notified about new parts!

I am the boss(the system) Where stories live. Discover now