Unicode
[သဝန်တိုတဲ့ကိုကိုWu]
နွေးထွေးလွန်းတဲ့အထိအတွေ့ကြောင့်Krisမျက်လုံးဖွင့်ကြည့်လိုက်တယ်။
ဟမ်? ထိုကောင်လေးကသူ့ရင်ခွင်ထဲအိပ်ပျော်နေတာပါလား။တကယ်ကိုဖြူစင်တဲ့ကလေးတစ်ယောက်လို အိပ်မောကျနေတာပဲ။
သူ့ရင်ထဲ့တစ်စုံတစ်ခုလှုတ်ခတ်သွားသလိုခံစားလိုက်ရတယ်။
အဲ့နောက်သူမနှိုးအောင်ဖြေးဖြေးလေးထပြီး အခန်းထဲကထွက်သွားလိုက်တယ်။
ပြီးတော့ သူထမင်းချက်အန်တီကြီးကို အာဟာရပြည့်ဝစေမဲ့အစားအစာတွေချက်ခိုင်းလိုက်တယ်။Chanyeolနှိုးလာတော့ မျက်နှာသစ်ပြီး ဆာနေတဲ့ဗိုက်ကိုဖြည့်ရန် အိမ်အောက်ဆင်းခဲ့ရတယ်။
စားပွဲပေါ်ကများပြားလာတဲ့ဟင်းလျာတွေမြင်ပြီးစားချင်စိတ်ကတားမရ။"သခင်လေး စားလို့ရပါတယ်"
"ကျွန်တော်လား?"
Chanyeolကြောင်သွားသည် ရုတ်တရက်ကြီး သခင်လေးလို့ခေါ်ခံလိုက်ရတော့ ယခင်ကဆိုသူ့ကိုလျစ်လျူရူထားတာမလား?
သူလည်းသိပ်တွေးမနေပဲ မြန်မြန်စားလိုက်တယ်။
သူခြံထဲဆင်းတော့ ဧည့်သည်တစ်ယောက်ကိုတွေ့လိုက်တယ်။ ထိုဧည့်သည်ကသူနှင့်2နှစ်ကွာသည့်ကောင်လေးတစ်ယောက်ပင်။Chanyeolအိမ်ရှင်တစ်ယောက်အနေနဲ့မေးလိုက်သည်။
"ဘယ်သူ့ကိုလာရှာတာလဲခင်ဗျ"
" Krisကိုပါ"
"သြော် သူကအခု ကုမ္ပဏီ မှာပဲရှိသေးတာ"
"ဟုတ်လား ဒါနဲ့ကျွန်တော့နာမည်က Yixingပါ"
"ဘာ Yixing လား?စားရေးတဲ့ စာရေးဆရာများလား?"
"ဟုတ်ပါတယ် ဘယ်လိုသိလဲ ကျွန်တော့်စာတွေက အဲ့လောက်မကျော်ကြားသေးပါပဲ"
"မထင်မှတ်ပဲဖတ်မိသွားလို့ပါ ဘာပဲဖြစ်ဖြစ် ကျွန်တော် ခင်းဗျားပရိတ်သတ်ပါ"
"ကျေးဇူးပါဗျာ"
"ကျွန်တော့်ကို လက်မှတ်ထိုးပေးလို့ရမလား?"
"ရတာပေါ့ "
"အစောင်ရေ တစ်ရာဆိုရင်တောင်လား"
YOU ARE READING
30 Days (Completed)
FanfictionUnicode ငါကသူ့ကိုကြိုက်တော့ သူကမကြိုက်ဘူး :(( ငါ့သူ့ကိုမကြိုက်တော့တာကိုကြပြန်တော့လည်းသူကမကြိုက်ဘူး:(( ဒီမကောင်းဆိုးဝါးကြီး ဘာဖြစ်ချင်နေတာလဲ ? တစ်ယောက်ယောက်ပြောပြပေးနိုင်မလား? Zawgyi ငါကသူ့ကိုကြိုက်တော့ သူကမကြိုက်ဘူး :(( ငါ့သူ့ကိုမကြိုက်တော့တာကိုကြပြ...