🍁2🍁

280 32 4
                                    

Unicode

[ဘဝမှာအကောင်းဆုံးထမင်းပွဲ]

Krisအရင်ကဆို အိမ်ပြန်လေ့မရှိ။ သူဝယ်ထားတဲ့တိုက်ခန်းမှာနေလေ့ရှိသည်။ အကြောင်းကတော့ ထိုကောင်လေးကိုမမြင်ချင်၍သာ။ ယခုပြန်လာသည်မှာလည်း ထိုကောင်လေးကိုမြင်ချင်၍ဖြစ်သည်။ သူ့စိတ်ကိုသူမနားလည်ပါ။

သူပြန်လာသည်မှာ ည၁၀နာရီဖြစ်နေပြီ ဒါကြောင့်ဒီအိမ်တော်ကြီးမှတစ်ယောက်မှရှိမနေတော့ပါ။

သူအိမ်တံခါးဖွင့်လိုက်သည်ဆိုသည်မှာ မွှေးရနံ့တစ်ခုကသူ့နှာခေါင်းပေါ်ဝဲပျံသွားသည်။

"မွှေးလိုက်တာ" သူသတိလက်လွှတ်ရေရွတ်မိသည်။

မီးဖိုးချောင်မှာ အပြာရောင်အေပရွန်ဝတ်ထားတဲ့ ထိုကောင်လေးဟာ သီချင်းတညည်းညည်းဟင်းချက်နေသတဲ့။
သူ့ဟင်းချက်လက်ရာဘယ်တုန်းကဒီလောက်စွဲမက်စရာကောင်းအောင် ဖြစ်သွားတာလဲ။

"မင်းဘာလုပ်နေတာလဲ"

"အမလေး ပလုတ်တုတ်"

Chanyeolတကယ်လန့်သွားသည်။ ပုံမာန်ဆိုဇာတ်လိုက်ကအိမ်ပြန်မလာဘူးမလား?ဘာလို့ဒီနေ့မှပြန်လာတာလဲ။ အေးလေ သူ့အိမ်ပဲ သူလာချင်တဲ့အချိန်လာမှာပေါ့။
ငါ့သူပစ္စည်းတွေကိုင်လို့အဆူခံရအုံးမလားမသိဘူး။ Chanyeolမှာ ၃၂ခြောငျးသောသှားတို့ပေါျအောငျရီပွပွီးမကြျနှာခြိုသှေးရတော့သညျ။

"ဟီး ဟီး မင်းစားဖို့ ငါ ဟင်းအချို့ချက်နေတာပါ မင်းမကြိုက်ဖူးဆိုလည်း ငါပဲစားလိုက်ပါ့မယ်"

Krisရင်ထဲထိသွားသည်။ဒီကောင်လေးက ဒီအချိန်ထိ သူ့အတွက်ဟင်းချက်နေသည်တဲ့လား။

"ချက်ပြီးရင်ပြင်လိုက် ငါနည်းနည်းစားကြည့်မယ်"

"မင်းမစားဘူးဆိုမှတော့ ငါပဲ....ဟမ် မင်းစားမှာလား?"

"အင်း"

Oh My God! ဘာလား ငါကနည်းနည်းပဲလုပ်ထားတာကို ငါစားဖို့လေ! အခုတော့ ဒီရေခဲတုံးကြီးကိုတစ်ဝက်ခွဲပေးရတော့မယ် မကျွေးချင်ဘူး! ! ငါနော် ...

တစ်ယောက်စာထဲချက်ထားတာဆိုတော့Krisအတွက်သာပြင်ပေးလိုက်သည်။
Chanyeolကတော့ Krisအနောက်မှာ ရပ်ရင်း ဟင်းခွက်ကိုကြည့်နေသည်။

30 Days (Completed)Onde histórias criam vida. Descubra agora