Unicode
[အမှတ်မထင်ညီငယ်လေးနှစ်ဦးဆုံမိခြင်း]
Chanyeolမှာစောစောစီးစီးဗျာများနေတော့သည်။ သူကအရင်ခေတ်မှာတစ်ကိုယ်တည်းသမားမို့ ဟင်းချက်လက်ရာကFive Stars Hotelစားဖိုမှုးအလား....
အကုန်ပြင်ဆင်လို့အပြီးမှာတော့ စားပွဲမှာထိုင်ပြီးKrisအလာကိုစောင့်နေလိုက်သည်။Krisလှေကားပေါ်မှ ဆင်းဆင်းချင်း Chanyeol ကပြာကယာပြေးသွာကာ...
"ငါ ပူတင်းလုပ်ထားတယ် စားကြည့်မလား"
Krisတကယ်ကြောင်သွားတယ်။ ဒီကောင်လေးသူ့အကြိုက်ကိုတော့မမေ့သေးပဲကို....
"အင်း"
Krisသဘောတူလိုက်တာကြောင့်Chanyeolပျော်သွားသည်။
ပူတင်းကကောင်းလွန်းတယ်။ စားဖူးသမျှတွေထဲမှာ အကောင်းဆုံးပဲ။
"Kris ငါလေ အပြင်ထွက်ချင်လို့ "
Chanyeolရောက်ကတည်းက အိမ်ထဲမှာပဲမို့ အလွန့် အလွန်ကို ပျင်းနေပါပြီနော် ^-^
"အဲ့တော့....?".
"ငါ့ကိုခေါ်သွားပေး ငါငြိမ်ငြိမ်လေးနေမှာပါ"
Chanyeolရဲ့ပုံစံကလေးတစ်ယောက်လိုချစ်စရာကောင်းနေတာတော့အမှန်။
ပြီးတော့ အပြင်ထွက်တာပဲ ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ဒီကောင်လေးကို ထိခိုက်မှာစိုးနေပြန်တယ်။
"အင်း လိုက်ခဲ့လေ"
"ဝါး....Kris ကအကောင်းဆုံးပဲ"
Krisမသိလိုက်ပါပဲပြုံးမိသွားသည်။
"ခဏ ငါ အကျီ်သွားလဲလိုက်အုံးမယ်"
"အင်း"
Krisဧည့်ခန်းမှာထိုင်စောင့်ရင်း ဒါရိုက်ဘာကို သူကိုယ်တိုင်မောင်းမှာမို့ နားခိုင်းလိုက်သည်။
အတော်ကြာအောင် ဆင်းမလာသည့် Chanyeolကြောင့်Krisကပဲ အပေါ်ကိုလိုက်သွားရတော့သည်။
တံခါးကိုဖွင့်လိုက်ချိန်မှာတော့ Chanyeolဟာ အပေါ်ဗလာကျင်းဖြင့်ထိုင်နေသည်။
Krisအကြည့်ဟာ ထိုကောင်လေး၏ ရင်အုပ်မှာသာ....
"မင်း ဘာလို့ကြာနေတာလဲ"
![](https://img.wattpad.com/cover/276332317-288-k524331.jpg)
ČTEŠ
30 Days (Completed)
FanfikceUnicode ငါကသူ့ကိုကြိုက်တော့ သူကမကြိုက်ဘူး :(( ငါ့သူ့ကိုမကြိုက်တော့တာကိုကြပြန်တော့လည်းသူကမကြိုက်ဘူး:(( ဒီမကောင်းဆိုးဝါးကြီး ဘာဖြစ်ချင်နေတာလဲ ? တစ်ယောက်ယောက်ပြောပြပေးနိုင်မလား? Zawgyi ငါကသူ့ကိုကြိုက်တော့ သူကမကြိုက်ဘူး :(( ငါ့သူ့ကိုမကြိုက်တော့တာကိုကြပြ...