🍁FINAL🍁

322 21 10
                                    

Unicode

"သားရေ မားတို့ပြန်တော့မယ်။ Chanလေးကိုလည်းဂရုစိုက်အုံး"

"ဟုတ်ကဲ့မား"

"Chanလေး မားတို့ပြန်ပြီနော်"

"ဟုတ်ကဲ့ မေမေ"

ပါးဝူနဲ့မားဝူပြန်သွားတော့ နှစ်ယောက်စလုံး ဘာစကားမှမပြောဖြစ်ကြပဲ ဆိုဖာမှာတိတ်ဆိတ်စွာထိုင်နေကြသည်။

"ကိုယ်ပြောစရာရှိတယ်"

"ကျွန်တော်ပြောစရာရှိတယ်"

တပြိုင်နက်တည်း အသံနှစ်သံထွက်လာသည်။

"မင်းအရင်ပြောပါ"

"Krisအရင်ပြောပါ"

ထပ်ပြီးတော့ တူညီစွာထွက်ပေါ်လာသည်။

"အင်း မင်းအရင်ပြောလိုက်ပါ"

"ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ကွာရှင်းကြမယ်လေ။ တစ်လလည်းပြည့်ခဲ့ပြီပဲ ကျွန်တော့်ကိုစောင့်ရှောက်ပေးထားလို့ ကျေးဇူးတင်ပါတယ်။ ပြီးတော့ တွယ်ကပ်နေမိလို့လည်းတောင်းပန်ပါတယ်"

မနေ့ကပါးဝူနဲ့စကားပြောရင်း သိခဲ့ရသည်က သူ့မှာမိဘတွေရှိနေတယ်ဆိုတာပဲ။ ဒါကြောင့် သူ့မိဘတွေကိုဆက်သွယ်ပြီး အိမ်ပြန်လာမည်ဆိုတာ အသိပေးထားသည်။

Chanyeolရဲ့စကားသံအဆုံး သူကိုယ်တိုင် designအပ်ထားသည့် တစ်ကမ္ဘာလုံးတွင် တစ်ခုတည်းရှိသည့် စိန်လပ်စွပ်ထည့်ထားသည့် ကတ္တီပါဘူးလေးကို ကျစ်ကျစ်ဆုပ်ထားလိုက်သည်။

သူစိတ်ကူးထားတာက ဒီနေ့Chanyeolကိုလက်ထပ်ခွင့်တောင်းရန်ဖြစ်သည်။ သို့သော်...

"ငါလည်းအဲ့တာပြောမလို့ပဲ ကောင်းပြီ ငါစာချုပ်ကိုညကျရင်ယူခဲ့မယ်"

Krisလည်းလှည့်ထွက်လာပြီး ကုမ္ပဏီကိုထွက်ခဲ့သည်။

"လူဆိုးကြီး ငါ့ကိုဆွဲတောင်မထားဘူး။ ငါထင်တာ... ငါ့ကိုချစ်နေပြီထင်ခဲ့တာ။ အရူးကြီး ခဏခဏခိုးနမ်းပြီးတော့ စားပြီးနားမလည်လုပ်တဲ့ဟာကြီး မုန်းလိုက်တာ.."

ည၁၁နာရီတိတိရောက်နေသော်လည်း Krisကပြန်မလာခဲ့။

"မသောက်ပါနဲ့တော့ များနေပြီ။ နောက်ကျနေပြီ အိမ်ပြန်ရအောင်"

30 Days (Completed)Hikayelerin yaşadığı yer. Şimdi keşfedin