🍁9🍁

194 20 2
                                    

Unicode

မီးဖိုခန်းမှမွှေးလွန်းသည့်အနံ့များကြောင့် သရေတကျကျဖြင့် အောက်ထပ်ကိုဆင်းလာသည်။ အေပရွန်ဝတ်ကာ ဘယ်ညာယိမ်းရင်း ဟင်းချက်နေသည့်Chanyeolကိုကြည့်ကာ ပြုံးရပြန်သည်။ အော်.... ဘယ်ကတည်းကများ အကြောင်းပြချက်မရှိပြုံးတက်သွားရတာလဲ ဆိုပြီးတောင် ကိုယ့်ကိုကိုယ် အံ့သြယူရသည်။

"Morning Kris"

"Morning"

တင်း တောင်...တင်း တောင်(home'bell)

"မင်း မိဘတွေလာပြီထင်တယ်။ သွားဖွင့်ပေးလိုက်အုံး"

"Okay"

အိမ်သူသက်ထားရဲ့ တစ်ခွန်းဆိုတစ်ခွန်း တံခါးသွားဖွင့်ပေးလိုက်သည်။

"သား အခုမှအိပ်ယာထတာလား"

"ဟုတ် မား"

"မဟုတ်မှ.... ညကအိပ်ရေးပျက်ထားလို့လား"

"ဟာ ပါးကလည်း ဘာတွေမေးနေတာလဲ သားဘာ့သား အလုပ်တွေပုံနေလို့ အိပ်ယာဝင်နောက်ကျတာ"

"အော် ပါးလည်းဘာမှမပြောမိပါဘူး ဘာတွေဇွတ်ရှင်းနေတာတုန်း"

"မသိဘူးဗျာ သွား ပါးပြန်တော့ လာ မား"

"ဟောဗျာ"

ပါးပါးဝူမှာ ရယ်ပြီးရင်းသာရယ်နေသည်။

"Morning အန်တီနဲ့ဦးလေး"

"Morning ပါကွယ်။ သား ဘာတွေချက်နေတာလဲ"

"မနက်စာအတွက် ထမင်းကြော်နေတာပါ"

"အို အနံလေးကမွှေးနေတာပဲရော်"

"Hee ကျေးဇူးပါဗျ"

"သမက်ရ သိပ်ကံကောင်းတာပဲ ဟီး ဟီး"

မားမားဝူကတော့ သိပ်ကိုကျေနပ်နေသည်။

မနက်စာထမင်းကြော်က နတ်သုဒ္ဒါအတိုင်းအရမ်းကောင်းသည်။ ပါးပါးဝူနဲ့မားမားဝူက အမှတ်ပြည့်ပေးလိုက်သည်။

"ပါးတို့ ဘယ်နှရက်နေမှာလဲ"

"ကိုယ့်သားအိမ်ကိုလာလည်တာ ဘယ်နှရက်နေနေပေါ့။ ဘာလဲ မင်းကနှစ်ယောက်တည်းတစ်ကမ္ဘာချင်တာလား"

"ဟာဗျာ ပါးနော် တော်ပြီ တကယ်ကိုမခေါ်တော့ဘူးပဲ"

ပါးနဲ့မားလာမှ ဟန်ဆောင်ထားရသမျှတွေပွင့်ထွက်တော့မလိုပင်။ တကယ်ပါပဲ ပါးကတော့လေ။

30 Days (Completed)Onde histórias criam vida. Descubra agora