အတွေးတွေကိုဖျောက်ဖျက်ရင်း သူ့ကျောပြင်ကိုမှီရင်း Cora မျက်လုံးတွေမှိတ်ပစ်ခဲ့တယ်
ခဏနေတော့ခပ်ဖျောက်ဖျောက်မိုးကစသည်းလာခဲ့တယ်
"ဒီမိုးနဲ့ဆို နင်ဖျားတော့မှာပဲ"
သူကခပ်တိုးတိုးရေရွတ်ရင်း ဆိုင်ကယ်အရှိန်တင်လိုက်တယ်
Cora တို့ဆိုင်ကယ်လေးဟာ လမ်းပေါ်မှာတရိပ်ရိပ်မောင်းလာခဲ့တယ်
လမ်းကွေ့တစ်ခုရောက်တဲ့အခါမှာ
တစ်ဖက်လမ်းက ကားမီးရောင်စူးစူးက Cora တို့ဘက်ကို တိုးဝင်လာတယ်
အရှိန်နဲ့ ဝင်လာတဲ့ကားက cora တို့ဆိုင်ကယ်လေးကို မြောက်တက်သွားအောင်အရှိန်နဲ့ တိုက်ချလိုက်တယ်
အဲ့ဒီ့ခဏမှာ ဘယ်အရာကိုမှမမြင်ရလောက်အောင် မျက်လုံးတွေပြာဝေပြီး
နားထဲမှာအသံတွေဆူညံနေခဲ့တယ်" Cora အဆင်ပြေရဲ့လား.... Cora"
ဝေးလိုက်နီးလိုက်ကြားရတဲ့အသံတစ်ချို့နဲ့အတူ
Cora အသိနဲ့ သတိနဲ့ကပ်တဲ့အချိန်မှာ
အဖေက Cora ကိုပွေ့ထားတယ်
ခပ်လှမ်းလှမ်းမှာတော့ စုတ်ပျက်သက်သွားတဲ့ဆိုင်ကယ်လေးနဲ့အတူ
ထက်ဘုန်းကမိုးရေထဲမှာမလှုပ်မယှက်လဲကျနေခဲ့တယ်
ခပ်ဝေးဝေးမှာတော့ လမ်းတစ်ဖက်ခြမ်းမှာထိုးထားတဲ့ Cora အဖေရဲ့ကားပြာလေး
ဒါဆို.....
Cora တို့ ဆိုင်ကယ်ကိုတိုက်သွားတာ
အဖေ့ရဲ့ကားလား
ဘာတွေဖြစ်ကုန်တာလဲလောကကြီးရယ်
မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် Cora ပြာဝေသွားခဲ့တယ်
" ထက်ဘုန်းကိုကယ်ပါဦး "
ခပ်တိုးတိုးရေရွတ်ရင်း Cora ကမ္ဘာအမှောင်အတိကျသွားခဲ့တယ်
.....................................
BẠN ĐANG ĐỌC
Déjà Vu ( ဒေဂျားဗူး)
Bí ẩn / Giật gânချစ်တယ်ပြောပြီးတစ်ယောက်ကိုတစ်ယောက်နာကျင်စေမယ်ဆိုရင်အချစ်ဆိုတာကိုငါမယုံဘူး လူတွေက ခဏတာချစ်ကြတယ် ပြီးရင် လမ်းခွဲကြတယ် နာကျင်ကြတယ် နောက်ပြီးအဆုံးသတ်ကျရင် အိမ်ထောင်ပြုကြတယ် ပြီးရင်နောက်ဆုံးပြန်ခွဲခွာသွားကြတယ် ဒါနဲ့ပဲသံသရာလည်နေကြတာ ချစ်တယ်ပြောပြီးတစ်စုံ...