Part 3

713 24 0
                                    

ညသန်းခေါင်ကြီး ထမြည်လာတဲ့ဖုန်းသံကြောင့် Cora လန့်ဖျန့်သွားမိသည်

တုန်တုန်ယင်ယင်နဲ့ ကိုင်လိုက်တော့

တစ်ဖက်မှာ ဆူညံပွတ်လောရိုက်နေတဲ့အသံတချို့ အပြင် ဘာမှမကြားရ

" ဟဲလို"

Cora ထပ်မံအသံပြုလိုက်သည်

ဗလုံးပထွေးနဲ့တစ်ဖက်ကအသံကို Cora သေချာမကြား

အချိန်က ည ၁:၀၀

ဒီအချိန်ကြီးဆက်နေတာဘယ်သူများလဲ Cora တွေးရင်း ပြန်အိပ်ပျော်သွားခဲ့တယ်

​" တီခနဲ"

ထပ်မံမြည်လာတဲ့ဖုန်းသံကြောင့်
Cora အလန့်တကြားနဲ့ဖုန်းကိုထကြည့်လိုက်တယ်

Cora တို့ဆေးရုံမှ duty အတူကျနေကျ ဂျူနီယာလေးဖြစ်တဲ့ နွယ်နီထံမှ

" hello အမ cora "

နွယ်နီ့အသံက တစ်ခုခုကိုချီတုံချတုံပြောဖို့ကြိုးစားနေသလို

" Cora ကိုလာကြိုကြိုနေကြ tattoo တွေနဲ့ အကိုလေ"

ဘုရား ဘုရား သူပြောတာထက်ဘုန်းကိုများလား

" Accident ဖြစ်လို့ ဆေးရုံကိုရောက်လာတယ်"

မိုးကြိုးပစ်ချလိုက်သလိုခံစားချက်နဲ့ Cora တစ်ကိုယ်လုံးပူထူသွားခဲ့တယ်

" အခြေအနေကရော နွယ်နီ...."

Cora အမေးကို သူမဖြေရဖို့အတော်ခက်ခဲနေပုံ

" အခုထိသတိမရဘူး... oxygen ကျနေတယ်"

" အမ လာခဲ့မယ် "

တုန်တုန်ယင်ယင်နဲ့ Cora ဆင်းလာတော့ အဖေက လှမ်းကြည့်တယ်
Cora အခန်းထဲမှာဖြစ်ပျက်သမျှ အဖေကြိုကြားထားတာလား ဒါမှမဟုတ် အဖေကြိုသိနေတာလား

အဓိပ္ပာယ်ပါတဲ့မျက်လုံးတွေနဲ့ ဝရုန်းသုန်းကားပြေးဆင်းလာတဲ့ Cora ကိုကြည့်တယ်

အဖေ့လက်ထဲမှာလည်းကားသော့ကိုကိုင်ထားတယ်

အဖေ က Cora ကိုဘာမှမမေးဘူး

တည်တည်ငြိမ်ငြိမ်ကားမောင်းရင်း

ဆေးရုံဘက်ကို မောင်းလာတယ်

ညက မိုးရေဖျောက်တောက်ဖျောက်တောက် အသံရယ်  Cora ရဲ့ငိုရှိုက်သံတချို့တွေကလွဲရင် တိတ်ဆိတ်လို့

" သူဘာမှမဖြစ်လောက်ပါဘူးနော် ပါပါ"

Cora အမေးကို အဖေကအသာအယာခေါင်းညိတ်ပြတယ်

ခေါင်းညိတ်ပြနေပေမဲ့လည်း မျက်နှာကသိသိသာသာပျက်ယွင်းနေတယ်

Cora လုံးဝရင်မဆိုင်ချင်တဲ့အရာ

မမျှော်လင့်ရဲတဲ့အရာကို Cora တကယ်မကြုံချင်ဘူး

ဒါကြီးသာအိပ်မက်ဖြစ်သွားရင်ဘယ်လောက်ကောင်းမလဲ ထက်ဘုန်းရယ်

ဆေးရုံဝင်းထဲကားထိုးထိုးချင်း

မိုးရေဖျောက်တောက်ဖျောက်တောက်ကြားကနေ emergency ဌာနကို Cora ပြေးသွားခဲ့တယ်

Cora ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံးက Cora ကိုမြင်တော့ မျက်နှာတွေပျက်ရင်ခေါင်းငုံ့သွားကြတယ်

" ဟင့်အင်း .... မဖြစ်ရပါဘူး"

ပါးစပ်ကအရူးလိုရေရွတ်နေခဲ့ပေမဲ့ Cora မြင်တွေ့ ရတာက ပိတ်အဖြူနဲ့အုပ်ထားတဲ့ ထက်ဘုန်းခန္ဓာကိုယ်

ပိတ်အဖြူအုပ်ထားတဲ့ကြားမှာပေါ်နေတဲ့ သူ့လက်ဖျံကအရုပ်တွေကို Cora ဘယ်အချိန်ကြည့်ကြည့်မှတ်မိတယ်

အားလုံးက Cora ဆီအကြည့်ရောက်နေခဲ့တယ်

Cora ကြမ်းပြင်မှာလဲပြိုကျသွားတဲ့အချိန်ထိပဲ

Déjà Vu ( ဒေဂျားဗူး)Où les histoires vivent. Découvrez maintenant