တချို့ memories တွေကို
တစ်သက်တာအတွက်အပြီးအပိုင်သိမ်းထားချင်မိတယ်ဥပမာ မင်းဆီမှာစွဲနေတဲ့ cigarette အနံ့တွေလိုမျိုး
ရယ်လိုက်တိုင်းမျက်ခုံးတွေပါတွန့်သွားတက်တဲ့ ထူးထူးခြားခြားမင်းရဲ့အပြုံးတွေလိုမျိုးပေါ့
ကိုယ်ကဗျာတွေဆန်နေတယ်လို့မင်းထင်မှာပေါ့
အချစ်ဆိုတာ ခေါက်သိမ်းထားလို့ရတဲ့ စာရွက်လေးဆိုလည်းအကောင်းသားနော်
တချို့ memories တွေကျတော့လည်း
အတွေးထဲစိတ်ကူးထဲကနေ ထာဝရပျောက်ကွယ်သွားအောင်မေ့ပစ်ချင်မိတယ်ဥပမာ ကိုယ့်ဆီကမင်းထွက်သွားမဲ့နေစွဲတွေလိုမျိုး
နောက်ပြီး......
ဆက်ရေးဖို့အင်အားတွေမရှိတော့လို့ Cora ရပ်တန့်လိုက်မိတယ်
ပြတင်းပေါက်ဆီကတွဲလောင်းကျနေတဲ့မိုးရေစက်တွေကတဆင့်
ပြတင်းတံခါးအပြင်ကဆိုင်ကယ်သံများကြားရဦးမလားလို့ Cora နားစွင့်မိနေတယ်ဒီလိုညမျိုးပဲ
အေးစက်နေတဲ့ မိုးရေဖျောက်တောက်တောက်ကြားမှာ သူ Cora ကိုထားရစ်ခဲ့တာ
ဒီလိုညတွေဟာ Cora အရမ်းကြောက်တဲ့ညဆိုးတွေပေါ့
...................
ESTÁS LEYENDO
Déjà Vu ( ဒေဂျားဗူး)
Misterio / Suspensoချစ်တယ်ပြောပြီးတစ်ယောက်ကိုတစ်ယောက်နာကျင်စေမယ်ဆိုရင်အချစ်ဆိုတာကိုငါမယုံဘူး လူတွေက ခဏတာချစ်ကြတယ် ပြီးရင် လမ်းခွဲကြတယ် နာကျင်ကြတယ် နောက်ပြီးအဆုံးသတ်ကျရင် အိမ်ထောင်ပြုကြတယ် ပြီးရင်နောက်ဆုံးပြန်ခွဲခွာသွားကြတယ် ဒါနဲ့ပဲသံသရာလည်နေကြတာ ချစ်တယ်ပြောပြီးတစ်စုံ...