Part 2

1.3K 28 1
                                    

"Cora"

နောက်မှခေါ်သံသဲ့သဲ့ကြောင့် cora လှည့်ကြည့်လိုက်သည်

" ဒီညအရမ်းနောက်ကျတာပဲ..."

ခပ်သွတ်သွက်ပြောရင်း cora ရဲ့ လက်ထဲက file ကို သူလာဆွဲတယ်

" နင့်ဆိုင်ကယ်ကြီးမစီးရဲပါဘူး"

ရှုံ့တွပြီးပြောလိုက်တဲ့ cora ကို သူကကြည့်ပြီးတဟားဟားထရယ်တယ်

တကယ်လည်း Cora ဆိုင်ကယ်စီးရတာကြောက်တယ်

အမြဲလိုလို Cora ကြောက်မှန်းသိလို့ ကားနဲ့လာကြိုပေးနေတဲ့ထက်ဘုန်းက ဒီနေ့မှဘာစိတ်ကူးပေါက်ပြီးဆိုင်ကယ်ယူလာခဲ့လည်း Cora မတွေးတက်

Cora တို့အိမ်က ဆေးရုံနဲ့ဆို ၄၅ မိနစ်လောက်မောင်းရတယ်
​အချိန်ကည၁၀:၀၀ ထိုးနေပြီမို့ Cora ဂျီးများလို့လည်းမရတော့

" လက်ဖျားတွေကလည်းအေးစက်နေတာပဲကြည့်ပါဦး"

သူကအေးစက်နေတဲ့ Cora ရဲ့လက်အစုံကို သူ့လက်ဖဝါးနွေးနွေးနဲ့ဆုပ်နယ်ရင်း
Cora ကိုစေ့စေ့ကြည့်တယ်

နှစ်ပေါင်းများစွာတိုင်အောင်တွေ့နေကြသူ့မျက်ဝန်းတွေကို Cora ရင်မဆိုင်ရဲသေး

ထက်ဘုန်းနဲ့ Cora ကမူကြိုကတည်းကအတန်းတူ သူငယ်ချင်းလေး

ထက်ဘုန်းကလူကောင်ကြီးတော့
ကျောင်းမှာအမြဲအစခံနေရတဲ့ Cora ရဲ့ ကိုယ်ရံတော်လေးပေါ့

ကျောင်းတက်တော့လည်းအတန်းမတူပေမဲ့ ထမင်းစားချိန်ဆို cora ဆီပြေးပြေးလာတက်တယ်

အဲ့ဒီ့အချိန်ထဲကစပြီး
ထက်ဘုန်းအတွက် Cora ကိုစောင့်ရှောက်ရမယ်ဆိုတဲ့
အသိကငယ်ငယ်ထဲကရှိခဲ့တာနဲ့တူပါရဲ့

ခုချိန်ထိ Cora ဘေးမှာရှိနေဆဲ

တက္ကသိုလ်ရောက်တော့ ထက်ဘုန်းကအဝေးသင်ယူပြီးအလုပ်လုပ်ခဲ့တယ်

Cora ကဆေးကျောင်းတက်ခဲ့တယ်

အမြဲလိုလို အကြိုပို့မပြတ်တဲ့ထက်ဘုန်း Cora ရဲ့အိမ်ပြန်ချိန်ဆိုယောင်တောင်ပေါင်တောင်နဲ့ ရောက်လာမြဲ

Cora နဲ့ ထက်ဘုန်းက ချစ်သူတွေလားဆိုတော့လည်းမဟုတ်ပြန်ဘူး

Déjà Vu ( ဒေဂျားဗူး)Onde histórias criam vida. Descubra agora