Part 5

707 24 0
                                    

" ခုနက Cora ကိုစောင့်နေတုန်း Cora တို့ senior အပျိုကြီးမခိုင်က ကော်ဖီတွေဘာတွေလာပေးသွားတယ်သိလား "

အဆက်စပ်မရှိ ရယ်ကြဲကြဲနဲ့ပြောလိုက်တဲ့သူ့စကားကြောင့် Cora စိတ်ထဲမှာထစ်ခနဲဖြစ်သွားခဲ့တယ်

" အဲ့အပျိုကြီးက နင့်ကိုကြွေနေတာလေ "

ခပ်တိုးတိုးပြောလိုက်တဲ့စကားကို သူက ဟက်ခနဲထရယ်ပြီး

ရွတ်နောက်နောက်နဲ့ Cora ကို ငဲ့ကြည့်ရင်း

" သေသေချာချာမိတ်ဆက်ပေးလေ"

Cora ရုတ်တရက်ငြိမ်ကျသွားခဲ့တယ်

ဒါဟာ Cora အိပ်မက်ထဲကလိုမျိုး
သဝန်တိုမှုခပ်ပါးပါးကြောင့်ငြိမ်ကျသွားခြင်းမျိုးမဟုတ်
အိပ်မက်ထဲဒီစကားကိုအပြင်မှာပြောတဲ့ ထက်ဘုန်းကိုအံ့ဩမိသွားခြင်းသာ

ရုတ်တရက် Cora တို့ ဆိုင်ကယ်လေး တုံ့ခနဲရပ်သွားတယ်

" မိုးများလွန်းလို့သစ်ကိုင်းတွေပါကျိုးကျကုန်ပြီထင်ပါတယ်"

သူရေရွတ်တော့ Cora လမ်းပေါ်ကြည့်မိတယ်

Cora အိပ်မက်ထဲကအတိုင်း လူတွေကရုတ်ရုတ်သဲသဲနဲ့သစ်ကိုင်းတွေရှင်းနေခဲ့ပြီး

ထက်ဘုန်းကလည်း သစ်ကိုင်းတွေကြားကနေကွေ့ပတ်ရင်း ခက်ခက်ခဲခဲထွက်လာခဲ့တယ်

ငြိမ်ကျနေတဲ့ Cora ကို သူကသတိပြုမိသွားတဲ့ပုံနဲ့

" နင်ကြိုက်တဲ့ စတော်ဘယ်ရီရေခဲမုန့်အိမ်မှာဝယ်ထားတယ် ပြီးတော့အသစ်ထွက်တဲ့ series တွေလည်း down ထားတယ် မနက်ဖြန်မှ ငါလာခဲ့မယ်နော် Cora လေး"

သူ့စကားကြောင့် Cora အတော်လေးလန့်ဖြန့်သွားတယ်

အိပ်မက်ထဲကစကားတွေအတိုင်းထက်ဘုန်းကတသွေမတိမ်း ပြန်ပြောနေပါလား

တဒုတ်ဒုတ်ခုန်လာတဲ့ရင်ခုန်သံနဲ့အတူ Cora ခေါင်းတွေပူထူလာခဲ့တယ်

" ဆိုင်ကယ်ကိုရပ်လိုက်စမ်း ထက်ဘုန်း"

Cora အသံကသိသိသာသာတုန်ယင်နေခဲ့တယ်

Déjà Vu ( ဒေဂျားဗူး)Donde viven las historias. Descúbrelo ahora