"Yah ! နင်တို့ မေဂျာမှာ တတိယနှစ်က နတ်သားစီနီယာ ရှိတယ်ဆို ? "
"နတ်သားစီနီယာ ?? "
"အင်း .. ရုပ်ချောတဲ့ တစ်ယောက်လေ .. နာမည်က .. "
"အော် .. ရုပ်ချောတဲ့ အရူးကိုပြောတာလား ? (Good looking stupid) "
"ရုပ်ချောတဲ့အရူး ??? "
"အင်း .. သူက ငါတို့အထက်တန်းကျောင်းကပဲလေ .. ရုပ်ပဲချောပြီး စရိုက်က ဆိုးဝါးလို့ အဲ့လိုနာမည်ပြောင်ပေးထားကြတာ "
"ဘာဆိုးဝါးလို့လဲ ?? "
"အဲ့တစ်ယောက်က သူ့ကို ကြိုက်တဲ့ကောင်မလေးတွေကို အေးစက်တဲ့အပြုအမူနဲ့ဆက်ဆံတဲ့အပြင် လူတိုင်းနဲ့လည်း မပေါင်းဘူး .. ပိုဆိုးတာက သူက ဂေးဆိုတဲ့ rumors တွေလည်းရှိတယ် "
"မဟုတ်နိုင်တာ .. "
"တကယ်ပါဆို .. သူ့သူငယ်ချင်းကို လာကြိုက်တဲ့သူကို သတ်ပစ်မယ်လို့ပါပြောတာပါဆိုနေမှ "
"တကယ်ကြီးလား ?? အဲ့လိုဆိုရင်တော့ တကယ်အရူးပဲ .. "
"Yah !! Yah !! Yah !! Lee Jeno ဟ !!! "
သူ့အတင်းကို နောက်ကွယ်မှာ ပြောနေတဲ့ မိန်းကလေး၂ယောက်ဟာ သူတို့ဘေးက စားပွဲကနေ ထလာတဲ့ ကျွန်တော့်ကိုမြင်တော့ လန့်သွားကြတယ် ။
"ကြားသွားလောက်လား ?? "
"မသိဘူးလေ .. ကြားမယ်ထင်တယ် .. "
သူတို့ပြောနေတဲ့ထဲမှာ တချို့ကတော့ မှန်ပြီး တချို့ကတော့ မှားနေတယ် .. အထက်တန်းတုန်းက ဂေးဆိုတဲ့ ကောလဟာလထွက်ဖူးပေမယ့် တကယ်မဟုတ်တဲ့ ကောလဟာလ သက်သက်ပဲ ။ သူငယ်ချင်းကို လာကြိုက်တဲ့သူကို သတ်ပစ်မယ်လို့ပြောဖူးလားဆိုရင်တော့ ၁ခါထက်မနည်းမပြောဖူးတာပေါ့ ။ ဘာလို့လဲ ဆိုတော့ ကျွန်တော့်လူဖြစ်နေလို့ပဲလေ ။ ကိုယ့်လူကိုယ် ကာကွယ်တာ မှားလို့လား ...
အားအားယားယား အတင်းပြောနေတဲ့ မိန်းကလေးတွေနားကနေ ထထွက်လာခဲ့ပြီး တတိယနှစ်က ကျောင်းသားကိုယ်စားလှယ်ရှိရာ အဆောက်အဦးဆီကို လျှောက်လာလိုက်တယ် ။ ဒီအဆောက်အဦးက ကျွန်တော်တို့ ဓာတုဗေဒမေဂျာနဲ့ သိပ်မဝေးလှတဲ့ နေရာမှာရှိတဲ့ တခြားမေဂျာရဲ့အဆောက်အဦးဖြစ်ပြီး ချောင်းပေါက်မတတ်လာနေကျနေရာလို့ပြောရင်လည်း ရတဲ့အဆောက်အဦးပါ ။ အခုချိန်က အတန်းချိန်ပြီးတဲ့အချိန်ဆိုတော့ ထမင်းစားဖို့ ခပ်သွက်သွက်လျှောက်လာလိုက်တယ် ။
YOU ARE READING
How To Take Him To Be Mine (JenoJaem/NoMin)
FanficJeno ~~ Leader of Student Council , Class Leader , Smart Student , Only Two Friends , Control Over Jaemin , possessive , Crush on Jaemin Jaemin ~~ Normal Student , Playful , Want to date , want to play online game , Didn't know about Jeno's Trap Re...