Part(1)

898 46 2
                                    

Unicode Version

A/N

Season(2)လေးကတော့ ပိုပြီး ရင်ခုန်စရာ ကောင်းမယ် ထင်ပါတယ်။

Fic Coverလေးကို မြင်ကတည်းက သိမှာပါ။ ထိုက်ရန်က Vampire ပြန်ဖြစ်တော့မှာနော် အဟမ်း အဟမ်း!!!! Fic Coverက pinterestက မလာတာမို့လို့ artistကို Full Credit ပေးပါတယ်။ ကိုယ်လိုချင်တဲ့ပုံနဲ့ ကွကစတိပဲ Coverက။ 

ဆိုတော့ကာ  vampireလေး ကိုက်နေတာ ဘယ်သူ့ကိုလဲ မသိဘူးနော်.....

ကဲ  Season(2)လေးကိုလည်း  အားပေးကြပါဦး။ Enjoy Dears🤍

~~~~~~~~~~~~~~~




အခန်း(၁)
ကိုယ် မင်းကို အဆုံးရှုံး မခံနိုင်ဘူး

~~~~~~~~~~~~~~~



"ထိုက်ရန်!  မင်း အခု လုပ်နေတာတွေက ဘယ်လောက်တောင် မှားယွင်းနေပြီလဲဆိုတာ မင်းသိရဲ့လား"

မြူခိုးတွေ ဝေနေသော ပတ်ဝန်းကျင်ကြောင့်  မြင်ကွင်းက ဝေဝါးနေသော်ငြား အသံပိုင်ရှင်ဟာ မည်သူမည်ဝါမှန်း ထိုက်ရန် သိသည်။

"ဖခမည်းတော် ဘာကို ဆိုလိုချင်တာလဲ"

မြူခိုးတွေကြား နစ်ဝင်နေသော ခမည်းတော်ထံသို့ သွားချင်ပါသော်လည်း  ထိုက်ရန်၏ ခန္ဓာဟာ လှုပ်မရ။ ခြေလက်တို့က  တစ်စုံတစ်ယောက်၏ အထိန်းချုပ် ခံထားရသည့်အလား  အနည်းငယ်ပင်  ရွေ့လျား၍မရ။ ကျောက်ရုပ် တစ်ရုပ်နှင့် ထူးမခြားနားသော သူ့အဖြစ်ကို ထိုက်ရန် အားမလို အားမရ ဖြစ်နေမိသည်။


"သားတော်.....  ခမည်းတော် ပြောတာကို သေချာ နားထောင်ပါ။  သားတော်ရဲ့ ခန္ဓာက အခုထိ  အကောင်းတိုင်း ရှိနေသေးတယ်။  သားတော်ရဲ့ ခန္ဓာကို စောင့်ရှောက်သူမျိုးနွယ်စုဝင်  တစ်ယောက်က သူ့အစွမ်းတွေနဲ့ ထိန်းသိမ်းပေးထားတယ်။ သူ့ကို တွေ့အောင်ရှာပါ"


"တ  တကယ်ပြောတာလား ခမည်းတော်။  သားတော်ရဲ့ ခန္ဓာကို  သားတော် ပြန်ရတော့မှာပေါ့။  သူ့ကို သားတော် ဘယ်လို ရှာရမလဲ ခမည်းတော်"

ဘယ်လောက်တောင်  ဝမ်းမြောက်စရာ ကောင်းလိုက်လေသလဲ....

နောက်ဆုံးတော့ သူ့ခန္ဓာကို ထိုက်ရန် ပြန်ရတော့မည်။  သည်အကြောင်းတွေ  ရန်ဟောက်ကို ပြောပြရမည်။  ရန်ဟောက် သိလျှင်လည်း  ဝမ်းသာမှာ ရာနှုန်းပြည့်ကို သေချာ၏။

He was a vampire (Season2) Onde histórias criam vida. Descubra agora