Part(2)

349 42 2
                                    

Unicode Version

"ကိုယ့်ကို မင်းရဲ့ လက်မှတ် ထိုးပေးနိုင်မလား"

ရှေ့မှ ခပ်ချောချော အမျိုးသား၏ စကားတို့ကြောင့် ထိုက်ရန် ကြောင်သွားသည်ကတော့ အမှန်။

ထိုလူ့ရှေ့တွင်ပင် သူ လက်မှတ်ထိုးပေးခဲ့တာပါ။ သူ ထိုးပေးခဲ့သည့် Luisဟူသော လက်မှတ်လေးပင် မင် မခြောက်သေး။ ဒါကို ဘာ့ကြောင့်ရယ်များ လက်မှတ် ထပ်တောင်းနေရပါလိမ့်။ ဒါကြီးက လောဘကြီးလွန်းရာ ကျမနေဘူးလား။

"ကိုယ့်ကို မင်းရဲ့ လက်မှတ်လေး ထိုးပေးနိုင်မလား ချန် ထိုက် ရန်"

ခုနကမှ မျက်မှောင် ကုပ်နေမိသော ထိုက်ရန်တစ်ယောက် ယခုကျတော့လည်း မျက်ဝန်းများဟာ ပြူးလို့ကျယ်လို့။

မကျယ်ခံနိုင်ရိုးလား..... ထိုသူက သူ့နာမည်အရင်းကြီးကို သိနေသည်။

ဘယ်လိုလုပ်ပြီးများ.....


"မင်းသိချင်တာတွေ အားလုံးကို ကိုယ် ဖြေပေးနိုင်တယ် ထိုက်ရန်။ စိတ်ဝင်စားရင် ကိုယ့်ကို ဆက်သွယ်ပါ"

စားပွဲပေါ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာသော လိပ်စာကဒ်လေးကို ထိုက်ရန် ခပ်သွက်သွက်ပင် ဘောင်းဘီအိတ်ကပ်ထဲသို့ ကောက်ထည့်လိုက်သည်။

အနှီကဒ်က ထိုက်ရန်၏ မြောက်မြားစွာသော ပုစ္ဆာများကို ဖြေရှင်းပေးနိုင်မည့် အကူအညီ တစ်ခု ဖြစ်လာနိုင်သည်။

"မင်း ဆက်သွယ်လာမှာကို ကိုယ်မျှော်နေမယ်"

အဓိပ္ပါယ်ပါပါ ပြုံးပြရင်း ထွက်သွားသော ထိုသူကို ထိုက်ရန် ရင်းနှီးနေသလ်ိုပင်။ သို့တိုင်အောင် ရေရေရာရာ ပုံဖော်၍မရ။

သူက ဘယ်သူများပါလိမ့်.....

~~~~~~~~~~~~~~~

"ကိုယ့်ရဲ့ အသည်းအသက်လေး ဒီနေ့ ပင်ပန်းသွားပြီ။ ကြည့်ပါဦး။ လက်လေးတွေတောင် ရောင်နေသလားလို့"

သူ့လက်ချောင်းတို့ကို ခပ်ဖွဖွ နှိပ်နယ်ပေးရင်း အကဲပိုပြနေသော CEOကို ထိုက်ရန် မှုန်ကုပ်ကုပ်သာ ကြည့်နေပေးလိုက်သည်။

He was a vampire (Season2) Donde viven las historias. Descúbrelo ahora