Part(3)

289 41 1
                                    

Unicode Version

အခန်း(၃)
(စောင့်ရှောက်သူ မျိုးနွယ်စုဝင်ဟာ Fanfic authorတဲ့!!!!)

"အချိန်ကိုက်ပဲ။ ကိုယ် မင်းကို စောင့်နေတာ ထိုက်ရန်"

ပြုံးယောင်သန်းရင်း ပြောနေသော လူကြီးမင်းကို ထိုက်ရန် ရင်းနှီးနေသလိုပင်။

ထိုအပြုံး.... ထိုအပြုံးကို ထိုက်ရန် မြင်ဖူးသည်။ တစ်ယောက်နှင့်တစ်ယောက်ဟာ ပြုံးပုံပြုံးဟန်ချင်း ဆင်တူနိုင်သလား ထိုက်ရန် မသိ။ ထိုက်ရန်သိသည်က လူကြီးမင်း၏ အပြုံးသည် တစ်စုံတစ်ယောက်၏ အပြုံးနှင့် သိပ်ကို ဆင်လွန်းနေသည်။ ဆင်တာမှ ထပ်တူကျလုနီးပါးပင်။

"ဘာတွေ တွေးနေတာလဲ။ ဗိုက်ဆာနေလောက်ရောပေါ့။ ကိုယ် နေ့လည်စာ စီစဥ်ထားတယ်။ စားကြမလား"

"မ မဟုတ်ဘူးလေ။ နေ့လည်စာ စားဖို့ လာတာမှ မဟုတ်တာ။ စကားပြောကြဖို့လေ"

"ဒါပေမဲ့... ကိုယ်မှ နေ့လည်စာ မစားရသေးတာ"

လူကြီးမင်းနှင့်တော့ ခက်နေပါပြီ။ သည်လိုဆိုလည်း စားပြီးမှ တွေ့ကြမည်ဟု ထိုက်ရန်ကို ချိန်းရောပေါ့။ ထိုက်ရန်အထင်က စကား မြန်မြန် ပြောကြပြီး ပြီးသွားမည်ဟု။

ယခုတော့ ထိုက်ရန်အဖြစ်က CEOနှင့်လည်း နေ့လည်စာ အတူမစားရ။ သူစိမ်းနှင့်လည်း အတူ မစားချင်နှင့် ဟုတ်တော့ ဟုတ်နေပါပြီ။

တွေးရင်း စိတ်က မကြည်လင်လာတော့။ မကြည်ဆို ဗိုက်က ဆာတာတာ ဖြစ်လာပြီ။ ထိုက်ရန်၏ မကောင်းသည့် အကျင့်တစ်ခုက ဗိုက်ဆာလျှင် နေရင်းထိုင်ရင်း စိတ်တိုတတ်ခြင်း။

"ကိုယ်က ချန်မင်းကြီးကို အရသာရှိတဲ့ နေ့လည်စာနဲ့ ဧည့်ခံချင်လို့ပါ။ ဒီဘက်ခေတ်မှာ မင်း ခံတွင်း တွေ့လောက်မယ့် အစားအသောက်တွေကို ကိုယ် ရှာပြီး သေချာ ချက်ခိုင်းထားတာ။ တစ်လုတ်၊ နှစ်လုတ်လောက်ပဲဖြစ်ဖြစ် မြည်းစမ်းကြည့်ပါလား"

"ကောင်းပြီလေ။ ဒီလိုဆိုတော့လည်း အဲ့ဒီလိုပဲ လုပ်ကြတာပေါ့"

သည်လိုပြောလိုက်လေတော့ အကျေနပ်ကြီး ကျေနပ်သွားသော ထိုလူ့ပုံစံဟာ လိုချင်တာ ရလိုက်သော ကလေး တစ်ယောက်အလား။ ကြည်ပြာရောင် မျက်ဝန်းလေးများ တောက်ပသွားပုံမှာ လက်ခနဲပင်။ နှုတ်ခမ်းစွန်းများလည်း ကွေးညွတ်နေကာ အနည်းငယ်လည်း တက်ကြွနေသယောင်။

He was a vampire (Season2) Où les histoires vivent. Découvrez maintenant