Target_3

448 60 12
                                    

Unicode

နှင်းစက္များတဖြောက်ဖြောက်ကျသံ‌ ‌ငှက်္များရဲ့သာယာနားပျော်သော သီကျူးသံ မနက်ခင်းလေညင်းရဲ့တိုးဝှေ့တိုက်ခတ်သံ နေရောင်ခြည်ရဲ့နွေးထွေးမှု တို့ကြားYoongiတက်ကြွစွာဖြင့်
နိုးလာသည်လို့ထင်လား...

နှင်းစက်သံလည်းမကြားရ air-conမှလာသော‌ လေသံတို့သာကြားရသည်...ငှက္များရဲ့သာယာနာ‌းပျော်သံ...ဝေးပါသေးတယ်...နိုးနိုးချင်းတိတ်ဆိတ်နေသောအသံသာကြားရသည်...ဟောက်သံလေးကတော့အသာထားပါ မနက်ခင်း‌ေလညင်း‌တိုးဝှေ့ရန် ဝင်စရာတစ်ပေါက်တောင်မရှိ...နေရောင်ခြည်ဆိုတာ ဘာမှန်းမသိအောင်မှောင်မဲကာ ညအိပ်မီးအနီလေးသာရှိနေသည်...ထိုကြားထ‌ဲ တက်တူးများသာပြည့်နေသည့် ပတ်တီးအဖြူပတ်ထားသည့် လက်တစ်ဖက်ကရင်ဘတ်ပေါ်ရောက်နေလေတော့ အသက်ရှူပင်ကြပ်လာရသည်...အနည်းငယ်လွန့်လူးလိုက်တော့ ဒါလင်နိုးလာသည်ထင်...မျက်လုံးကိုဖွင့်ကြည့်ကာ ပိုတိုးဖက်ရင်းပြန်အိပ်နေပြန်သည်...

"Jungkookဖယ်စမ်း..."

"အချစ်ကလည်းအစောကြီးရှိသေးတာကို..."

"ဘယ်လို...အစောကြီး နေ့လည်ဆယ့်နှစ်နာရီကစောလား"

"အချစ်ကလည်းအိပ်ရေးမဝသေးဘူး..."

"မဝလည်းဖယ်ကွာ..."

"ကိုယ်ပူနေသလိုပဲ...ကိုယ်မထနိုင်တော့ဘူး ခေါင်းလည်းကိုက်နေတယ် လက်လည်းနာနေတယ်..မယုံရင်စမ်းကြည့်"

ဒါလင့်စကားကြောင့်နှာဖူးပေါ် လက်အသာတင်မိတော့...တကယ်ကြီးကိုယ်ပူနေတာပဲ
အဲ့ဒါကိုစောစောမပြောဘူး..

"ဒါလင်ကလည်း စောစောပြောပါလား"

"အချစ်အိပ်နေတာကို.."

"အချစ်အရင်မျက်နှာသစ်ပြီး မနက်စာစားလိုက်ဦးမယ်...ဒါလင်ကလူနာပဲနောက္မှ အေးဆေးလုပ်ပေးမယ်..."

ပြောကာအိပ်ယာပေါ်မှဆင်းသွားသော အချစ်ကိုဖနောင့်နှင့်သာ ပြေးကန်ချင်မိသည်...ဘာတဲ့လူနာထက်တောင် သူဗိုက်ဆာတာကပိုအရေးကြီးတယ်ပေါ့လေ...

မနေ့ညကမကျေနပ်မှုကြောင့် ဒါလင်အားပညာပြရမည်...သူ့လိုတစ်ချိန်လုံး သေနတ်ထိတာတို့သွေးထွက်တာလောက်က ခံနိုင်ရည်ရှိတာကို...အခုကျမှလာပြီးလူကိုလာကပ်နေသည်...ခံပေဦးတော့Jeon Jungkook.. Yoongiမျက်နှာသစ်ကာ နေ့လည်စာစားပြီးနောက်နာရီအားကြည့်တော့ တစ်နာရီပင်ကျော်သွားပြီဖြစ်တာကြောင့် ကြက်ပေါင်းရည်ကို အိမ်‌ေစကောင်မလေးအား‌ေနာက်ဆယ့်ငါးမိနစ်မှာ ယူခဲ့ခိုင်းကာ အပေါ်သိုတက်လာတော့သည်...ပညာပြရမယ်လေ..အဟင်း...
အခန်းတံခါးအားဆွဲဖွင့်ကြည့်တော့ ဒါလင်ကအပေါ်ပိုင်းဗလာဖြင့် ကုတင်ပေါ်တွင်မှီထိုင်ကာ laptopအားကြည့်နေသည်...ထို့ကြောင့်လူယုတ်မာအပြုံးလေးဆင်ကာ...

Target (Completed)Where stories live. Discover now