Unicode
Jackတစ်ယောက်စိတ်ညစ်နေရသည်... Amoreဆိုတဲ့ကောင်က အဖွဲ့ဝင်ဖြစ်နေသည်မှာ နှစ်လပင်ရှိပြီ စကားဆိုနားထောင်ဖို့ဝေးစွ...ဆရာသဘောကျနေ၍သာ မဟုတ်လျှင် Amoreဆိုတဲ့ကောင်ကို ကန်ထုတ်ပစ်လိုက်ချင်သည်...
"Jack...ဒီနေ့ ေရာင်းဝယ်သွားလုပ်ရမယ်မလား..ပြင်ဆင်စရာရှိတာသွားပြင်ထား.."
"ဟုတ်ကဲ့..ဆရာ...ဟိုလေ CEO Minပါမှာလားဆရာ.."
"အချစ်လည်းပါမယ်လေ...အဲ့ဒါကြောင့်လုံခြုံရေးကို ပိုဂရုစိုက်ပေး...ပစ္စည်းတွေအဆင်သင့်ပြင်ထား.."
"ဟုတ်ကဲ့.."
"အော်...ဒါနဲ့အသစ်ဝင်တဲ့ Amoreဆိုတဲ့တစ်ယောက်ပါခေါ်ခဲ့...သူကတိုက်ခိုက်တာတော်တယ်"
"ဟုတ်ကဲ့...သွားခွင့်ပြုပါဦး"
"သွားတော့.."
Jackထွက်သွားဟန်ပြင်လိုက်သည့်အချိန်တွင် ပွင့်လာသောတံခါးကြောင့် သိလိုက်ပါပြီ...ဆရာ့ရုံးခန်းအတွင်းသို့ တံခါးမရှိဓားမရှိ ဝင်လာနိုင်သူကားထိုသူမှလွဲ၍ တစ်ခြားသူတစ်ယောက္မဖြစ်နိုင်...
"ဒါလင်.."
ကျစ်...အမှတ်မရှိတဲ့ရင်ဘတ်ဟာ စူးခနဲပင်...
"အော်...Jackလည်းရှိေနတာလား"
အမြန်ထွက်သွားဖို့ပြင်သော်ငြား...ကိုယ့်ကိုနှုတ်ဆတ်သောသူကြောင့် ခါးကိုင်းကာအရိုအသေပေးလိုက်သည်...
"ဟုတ်ကဲ့ပါ...သွားခွင့်ပြုပါဦး.."
"သွားလေ.."
ရုံးခန်းထဲမှအမြန်ထွက်လာလိုက်သည်...မဟုတ်ရင် အမှတ်မရှိတဲ့နှလုံးသားက ဆက်၍နာကျင်ပြီးကွဲအက်ပေလိမ့်မည်...ဝိုင်းလာသောမျက်ရည်စတို့အား ပြေပျောက်စေလိုငြား မျက်တောင်ကိုပုတ်ခတ်မိလိုက်တော့ နာခံတတ်တဲ့မျက်ရည်တို့က ဝေ့သီကာအနည်းငယ်ပြေပျောက်သွားသည်...
Jackထွက်သွားပြီးသည်နှင့် စာရင်းစစ်နေသော ဒါလင်ေရှ့ရှိlaptopနှင့် စာရွက်စာတမ်းတစ်ချို့ထင်ထားသော အလုပ်စားပွဲပေါ်ထိုင်ကာ ဒါလင့်နက်ခ်တိုင်အားဆွဲကာ နှုတ်ခမ်းပေါ်သို့အနမ်းနုနုများ ခြွေချလိုက်တော့ ဒါလင်ကခါးကိုရစ်သွယ်ကာဖက်လာသည်...
YOU ARE READING
Target (Completed)
Fanfictionပစ်မှတ်ကိုဘယ်လောက်ပဲမပစ်ချင်နေပါစေ...ပစ်ရင်တော့ထိအောင်တော့ပစ်ရမယ်မလား ပစ်မှတ်ကိုဘယ်လောက်ပဲမပစ်ချင်နေပါစေ...ပစ်ရင်တော့ထိအောင်တော့ပစ်ရမယ်မလား Story photo by Triple-D 93