Target_7

306 48 18
                                    

Unicode

"အချစ်..."

မှန်ရှေ့ရပ်နေသောသူ့အား အနောက္မှခါးအားသိုင်းဖက်ကာ လည်တိုင်တို့ကိုကျယ်စယ်ရင်း ခေါ်လာသောဒါလင်ရယ်ပါ..

"ပြောလေဒါလင်ရဲ့"

"ကိုယ်တို့ကလေးတစ်ယောက်လောက္မွေးစားရအောင်..."

ဒါလင့်စကားကြောင့် ဆွံ့အမိသွားသည်...ကလေးတစ်ယောက်တာဝန်ဟာ ဘယ်လောက်ရှုပ်လဲသိသိကြီးပင် ရစ်နေတာပင်..
ကိုယ်‌တိုင်မွေးတာဆိုတစ်မျိုးကောင်းပေမယ့် မွေးစားသည်ကျကိုယ့်သွေးသားရင်းချာ မဟုတ်ဘူးလေ...ဒါ့ပြင် ကိုယ်တွေလုပ်နေတဲ့အလုပ်နှင့်ပင် ကလေးယူရန်အဆင်မပြေပေ...

"ကလေးမွေးစားတာ လွယ်တယ်များထင်နေတာလားဒါလင်..ကိုယ့်သွေးသားလည်းမဟုတ်ပါဘဲ ဘယ်သူကကြည့်နိုင်မှာလဲ"

"လွယ်တယ်ရယ်မဟုတ်ပေမယ့် ခက်တာမှမဟုတ်တာ...ပြီးတော့ ကိုယ့်သွေးသားမဟုတ်လို့ မထိန်းနိုင်ဘူးဆို အချစ်ကမွေးပေးနိုင်လို့လား"

"မမွေးပေးနိုင်ဘူး မွေးပေးနိုင်လည်းမမွေးဘူး ဒါလင်ရဲ့...ငါတို့လုပ်နေတဲ့အလုပ်တွေက အဲ့ကလေးကိုပါထိခိုက်သွားနိုင်တယ်ဆိုတာ သဘောပေါက်.."

"မထိခိုက်စေရဘူး..အဲ့ဒါကြောင့်မွေးစားရအောင်"

"ဒါလင်အဲ့လောက်ကလေးလိုချင်ရင် ငါ့ကိုဘာလိုလက်ထပ်လဲ..မွေးနိုင်တဲ့ကောင်တွေများတစ်ပုံကြီး သွားယူလိုက်စမ်းပါ.."

"မင်းမွေးစားစားမစားစားအချစ်..တစ်ခုတော့သိထားငါမွေးစားလိုက်ပြီဆိုတာ...အခုကလေးသွားခေါ်ရလိမ့်မယ်...ကိုယ်သွားကြိုမှာမို့ မင်းလိုက်ခဲ့.."

အတင်းလူကိုဆွဲကာ အောက်ထပ်ထိခေါ်ချလာတာကြောင့် အိမ်စေများရောအစောင့်များပါ ခိုးကြည့်တစ်လှည့် ပေါ်တင်ကြည့်တစ်ခါဖြင့်ကြည့်နေတာကြောင့် စိတ်ညစ်ရပြန်သည်..

"မလိုက်ဘူး...မလိုက်ဘူးဆို"

အတင်းရုန်းတော်ငြား လက်ကိုအတင်းချုပ်ကာ အိမ်စေများအားတစ်ချက်ကြည့်၍...

"အားယားနေကြတယ်ထင်တယ်..အလုပ်မရှိကြပုံပဲ..ကိုယ့်အလုပ်ကိုယ်သွားလုပ်ကြ"

Target (Completed)Where stories live. Discover now