Unicode
*ယမန်နေ့ညက New Yorkမြို့တွင် ရဲနှင့်J&Dဆိုသည့် ရာဇဝတ်ဂိုဏ်းတို့ကြားပစ်ခတ်မှုရှိရာ ရဲတပ်ဖွဲ့မှူးAmore Iidolimoအသတ်ခံခဲ့ရပြီး သေနတ်ရာဘေးတွင်J&Dဆိုသည့် အမှတ်အသားအားကပ်ခဲ့...ရဲကားအစီးနှစ်ဆယ်ခန့် လက်ပစ်ဗုံးမိ၍မီးလောင်ပြာကျ...*
သတင်းစား၏ထိပ်စည်းတွင် ခေါင်းစဉ်ကြီးဖြင့်ရိုက်ထားသော သတင်းအားဖတ်ကာ Jungkookရယ်မိသည်...ရယ်သံကျယ်သွားတော့ ပေါင်ပေါ်ခေါင်းတင်ကာလှဲအိပ်နေသည့် အချစ်ကနိုးလာသည်...
"ဒါလင်...ဘာသဘောကျစရာရှိလို့လဲ"
"ဘာမှမဟုတ်ပါဘူး...ခွေးတစ်ကောင်သေကြောင်းနဲ့ ကိုယ်တို့အဖွဲ့ကြောင်းကို တရေးတယူ
ရေးပေးတဲ့ဂျာနယ်ကြောင့်ပါ...""အော်..."
ထိုနောက် ပေါင်ပေါ်သို့ခေါင်းပြန်တင်ကာ လက်အားဆွဲယူပြီးနမ်းလာတဲ့အချစ်ကြောင့် မျက်နှာလေးအားငုံ့ချပြီး အချစ်နှာဖူးပေါ်သို့အနမ်းတစ်ပွင့်ခြွေလိုက်သည်...ပြီးနောက်...မြတ်နိုးရသည့်ဖြူအိအိပါးလေးနှစ်ဖက်...ချစ်သည်မြတ်နိုးသည်...ဆုံးရှုံးရမည်ကိုအလွန်ကြောက်သည်...
သူ့အားချစ်လွန်း၍ ဤအမှောင်ဘက်ခြမ်းအလုပ်တို့အား ကူညီလုပ်ကိုင်ပေးခဲ့တဲ့ သူ့ချစ်သူအားမဆုံးရှုံးချင်ပါ...ဤအမှောင်လမ်းဟာ ပြန်ဆုတ်ရန်လမ်းမရှိတာကြောင့် ချစ်ရသူအားမလုပ်ရန် တားမိသေးသော်ငြား ချစ်ရသူကခေါင်းမာလေတော့ မည်သို့မျှမတတ်နိုင်ပါချေ...သို့သော် ပြန်ဆုတ်ရန်ဆိုလျှင် နှစ်လမ်းသာရှိသည်...တစ်လမ်းကား အဖမ်းခံလိုက်တာပင်...နောက်တစ်လမ်းကာ ဒီဘဝကနေထွက်သွားရန်သာ...
အဖမ်းခံရလျှင်လည်း တစ်သက်တစ်ကျွန်းမဟုတ်လျှင် သေဒဏ်ပင်ရှိသည်...နှစ်လမ်းလုံးကတော့ ဘာမျှမထူးသော်ငြား အဖမ်းခံပြီးသူများစကားနာခံရတာထက် သတ်သေပြီးသူများစကား နာခံရန်မလိုပဲထွက်သွားခြင်းကသာ ပို၍ကောင်းမွန်သည်လေ...ပေါင်ပေါ်ကချစ်ရသူကတော့ အိပ်နေသည်မှာအေးချမ်းစွာပင်...
တစ်ခါတစ်လေကျလျှင် ဘယ်ချိန်ဖမ်းခံထိမယ် ဘယ်ချိန်လုပ်ကြံခံထိမယ်ဆိုသည်ကို ပူပန်ရသော်ငြား ချစ်ရသူအတွက်ကိုပိုပူပန်မိသည်...
ဘယ်သူ့ကိုမျှယုံ၍ရသည်မဟုတ်...သူသာချစ်ရသူအစား အသတ်ခံလိုက်ချင်သည်...ချစ်ရသူကိုသာအဆင်ပြေစေချင်သည်...

YOU ARE READING
Target (Completed)
Fanfictionပစ်မှတ်ကိုဘယ်လောက်ပဲမပစ်ချင်နေပါစေ...ပစ်ရင်တော့ထိအောင်တော့ပစ်ရမယ်မလား ပစ်မှတ်ကိုဘယ်လောက်ပဲမပစ်ချင်နေပါစေ...ပစ်ရင်တော့ထိအောင်တော့ပစ်ရမယ်မလား Story photo by Triple-D 93