Target_4

402 63 13
                                    

Unicode

ဒေါက်~~ဒေါက်

အချစ်ရှိရာသို့ခြေအစုံကြွမြန်းရန်ပြင်သော်ငြား
တံခါးခေါက်သံကြောင့် ရပ်လိုက်‌ရတော့သည်...တစ်နေ့‌တစ်နေ့ တံခါးကိုခေါက်နိုင်လွန်းကြသည် ဖြုတ်တောင်ထားချင်မိပြီ...

"ဘယ်သူလဲ.."

"ကျွန်တော်Jackပါဆရာ"

လာပဲလာနိုင်လွန်းသည်...အခုလည်းဘာအရေးကြီးပြန်ပြီလဲမသိ‌ေသာကြောင့်...

"ဝင်လာ"

ပြောလိုက်တော့ဝင်လာကာ အရိုအသေပေးပြီးရပ်နေသူကြောင့် အမြင်ကပ်လာရတော့သည်...

"ပြောဘာကိစ္စလဲ"

"ဒီနေ့လည်အင်တာဗျူးဖို့ ရွေးထားတဲ့လူစာရင်းပါဆရာ"

လက်ထဲသို့ဖိုင်တွဲလာထည့်သူကြောင့် စိတ်ပေါက်လာ၍ ဖိုင်တွဲဖြင့်သာကောက်ပေါက်မိသည်...

"မင်းအရေးကြီးမှလာပါလား..ငါအခုအချစ်ဆီသွားမလို့ကို..အရေးမကြီးဘဲနဲ့ အဲ့လူတွေကိုမင်းပဲခန့်လိုက်..ငါ့အချိန်ကုန်တယ်...‌လက်ဖြောင့်တဲ့လူကိုရွေးနော် တစ်ယောက်တည်းပဲလိုချင်တာ.."

"ဒါလင်.."

Jackအားဆုံးမနေစဉ် ချိုမြနေသောအသံဖြင့်ဝင်လာသော အချစ်ကြောင့် လူကစိတ်အစုံတို့ကြည်သွားရသည်..

"အချစ်..ကိုယ်လာမယ်ပြောထားတာကို"

"ဒါလင်ကကြာနေတာကို"

"ဒီမှာလေJackက အချိန်တွေလာဖဲ့ယူနေလို့"

"အင်းပါကွာ..ငါဗိုက်ဆာနေပြီသွားစားရအောင်"

"အချစ်ကလည်း အလကားမရဘူးလေ"

ထိုသို့ပြောလိုက်သည်နှင့် နှုတ်ခမ်းပေါ်သို့ကျရောက်လာတဲ့ အနမ်းနုနုတို့ကြောင့် အလိုလိုပင်
ပြုံးလိုက္မိသည်...

"လာသွားမယ်ဒါလင်"

"အင်း..အချစ်...ဟေ့ကောင်Jackငါ့ကိုအရေးမကြီးရင်ဖုန်းမခေါ်နဲ့ကြားလား"

"ဟုတ်ကဲ့ဆရာ"

Jackထွက်သွားသော ထိုလူသားနှစ်ယောက်ကိုကြည့်လျက် စိတ်အစုံကဝမ်းနည်းလာသည်...
ဆရာကတကယ့်ကို ဆရာYoongiနဲ့ကျရင် လေသံကချိုနေပြီးတော့ သူနှင့်ကျလေသံမာသည်...တော်သေးသည်ပေါ့ သူ့အားသတိရကြသေးလို့...အတွဲတွေမ‌ကောင်းလိုက်တာ ဘက်လိုက်လွန်းသည်...ဖိုင်တွေကိုအမြန်သိမ်းကာ သေနတ်ပစ်ကွင်းသို့ဆင်းလာတော့...ရွေးချယ်ထားသည့်လူငါးယောက်ကစောင့်ကြို‌နေလေသည်...

Target (Completed)Where stories live. Discover now