Chapter 4

15.8K 2.2K 39
                                    

Chapter 4:အလှလေးက ငါ့အပိုင်  

ထိုကောင်ငယ်လေး၏ စကားသဲ့သဲ့သည် ဖေးယိယန်၏ နားစည်သို့ ရိုက်ခတ်ဝင်ရောက်လာခဲ့၏။
သူ သိပါ၏။ ထိုကောင်လေးဟာ သူ့ကို မချစ်သေး.....။ သူသည်လည်း ချစ်ပေးပါရန် တောင်းဆိုနေခဲ့ခြင်း မဟုတ်ရပါပေ...။
ဒီတိုင်း ထိုကောင်လေးအပေါ် သူ့၏ ချစ်ခြင်းတွေ အကုန်အစင် သုံးစွဲမိချင်ယုံသာ...။ 

ဖေးယိယန် မကြားသလို ဟန်ဆောင်လျှက်ပင် ပခုံးတွန့်ပြလိုက်၏....။ 

'' ကိုယ်ကမင်း ကိုယ့်ကို ပြန်ချစ်ပါလို့ တောင်းဆိုနေလို့လား....ဒီတိုင်း ကိုယ်မင်းကိုချစ်ပေးနေချိန်မှာ ငြိမ်ငြိမ်လေး ကိုယ့်အချစ်တွေကို ပုံးဘောလအောခံယူနေလိုက်...။ အပိုစကားတွေ သိပ်မပြောနဲ့ "

ထျန်းမော့ချီ ထိုသူ့၏ ဆောင့်ကြွားကြွားလေသံကြောင့် သူ့၏ မျက်နှာလှလှလေးသည် ရှုံ့မဲ့သွားရတော့သည်ပင်။ ထို့သူ့၏ ချစ်ခြင်းကို မိမိက ပိုင်ဆိုင်ထားသည့်အတွက် ထ'ကရတော့မည့်အတိုင်း....။

နူတ်ခမ်းလှလှ တစ်စုံသည် အရှေ့  သို့ အနည်းငယ်
စုချွန်လာတော့လေသည်။

" ဒီလောက်တောင် ယုံကြည်ချက်ရှိနေရင် ခင်ဗျား နတ်ပြည်သာ တတ်သွားပါတော့လား..."

အချဉ်ပေါက်နေသည့် လေသံသည်လည်း...ဖေးယန်ယိအတွက်တော့ ချစ်ရသူ၏စကားမို့ နားထောင်ကောင်းနေခဲ့သည်ပင်။

" ကိုယ်  မင်းနဲ့ မခွဲနိုင်လို့လေ...မင်းနဲ့အတူဆို ဘယ်နေရာဖြစ်ဖြစ် သွားမှာပေါ့...ဘယ်လိုလည်း...ကိုယ်က သစ္စာရှိတဲ့ယောကျာ်းမှတ်လား...."

" ဟွန့် "

နှာသံမှုတ်ကာ မျက်စောင်းချီလျက် ဖေးယန်ယိ၏ ပခုံးကို ပစ်တိုက်ကာ ထွက်သွားဖို့ လုပ်၏။ 

ထိုသူ့ပါးစပ်က ထွက်လာသမျှကို ထျန်းမော့ချီသာ အတည်လိုက်ယူမည်ဆိုလျှင် အရူးသာ ဖြစ်နေပေလိမ့်မည်ပင်။ အရူးစိတ်ချမ်းသာ ကမ္ဘာကြီး အေးချမ်းတာမို့ လွှတ်ထားလိုက်ဖို့သာ ဆုံးဖြတ်လိုက်တော့၏။

ဖေးယိယန် အလှလေးအနား ကပ်နေခဲ့သည့် မိန်းကလေးကို လှမ်း၍ သူ့လက်ချောင်းသွယ်သွယ်ကို ဆန့်တန်းလျှက် ထိုမိန်းကလေး ထဖို့ရာ ကူညီပေးလိုက်၏။ သူက အကျင့်မကောင်းပေမဲ့လည်း  ... ယုတ်မာတတ်သည်တော့ မဟုတ်ရပါဟု ကိုယ့်ကိုကိုယ် နှစ်သိမ့်လိုက်သည့် သဘောသာ..။

" ဆောရီး ကိုယ် မမြင်မိလို့ တိုက်မိသွားတာ... မရည်ရွယ်ပါဘူး..."

ဖေးယိယန် မည်သူဆိုတာ သိသွားသည့် မိန်းကလေးသည် အလန့်တကြား ခေါင်းညိတ်ပြကာ ပြေးထွက်သွားတော့၏။

အလှလေးက ထိုမိန်းကလေးထွက်သွားရာကို လှမ်းကြည့်ကာ သူ့ကို မာန်မဲလာတော့လေသည်။

" ဒါ ကျွန်တော့်အမ ဝမ်းကွဲဗျ..."

"အယ်.. ဟုတ်လား ။ကိုယ်မှ  မသိတာ" 

"အရူးကောင် "

ထျန်းမော့ချီ ဖေးယိယန်ကို ချီးမွှမ်းထောပနာ ပြုလိုက်ပြီးနောက် လျှောက်လှမ်းသွားတော့၏။

ဖေးယိယန် နူတ်ခမ်းတွေ တွန့်ကွေးသွားပြီးနောက် ထိုကောင်လေးအနောက် လိုက်သွားလျှက် အော်ပြောလိုက်တော့လေသည်။

" အလှလေး ရေ ... မင်းက ကိုယ့်အပိုင်နော်...."

" ချီးကို ခင်ဗျားအပိုင်နေလိုက်တော့"

နေရောင်ခြည်အောက်၌ နီသွေးဖျန်းနေပါသည့် အယ်ဖာလေးတစ်ဦးနှင့် ထိုအယ်ဖာလေး၏ အနောက်၌ လိုက်ပာလာသည့် အိုမီဂါလေးတစ်ဦး...။ မြင်ကွင်းသည် ဒီလောက၌ ဆန့်ကျင်ဘက် ဖြစ်နေသည်ဟု ထင်ရသော်လည်း ထူးခြားဆန်းကြယ်စွာပင် လိုက်ဖက်နေခဲ့၏။



(သူတို့တွေ ပြောကြတာက 'မင်းက အိုမီဂါ'ပါတဲ့!)他们说 ' 你是 OMEGA' [ Completed ] Dove le storie prendono vita. Scoprilo ora