Chapter 7 : ကိုယ် အလှလေးကို
အပျော်ကြံတာ မဟုတ်ရပါဘူး။" အလှလေး....ကိုယ့်ဆီ လာတာလား?"
လက်တို့ကို ပင့်မြှောက်ကာ၊ သူ့ထံ ပြုံးရယ်ပြနေသူအား ထျန်းမော့ချီ အမြင်ကပ်စွာ ကြည့်လိုက်မိ၏။
ဒီလောက် သောင်းကျန်းထားသည်ကိုတောင် ခံနိုင်ရည်ရှိသည့် အိုမီဂါကို သူ နာနာ
ရိုက်ပစ်ချင်မိသည်။ အိုမီဂါဖြစ်ပြီး၊ ကလပ်တွေ တတ်၊ အရက်သောက်၊ ဆေးလိပ်သောက်တတ်သည့် အိုမီဂါကို သူ ဘယ်လို ဆုံးမရမလဲ မသိ။" ခင်ဗျား..."
ကလပ်ဝင်ပေါက်ကနေ တားဆီးခံနေရသဖြင့်၊ ထျန်းမော့ချီ ဖေးယိယန်ကို လက်ညိုးတထိုးထိုးဖြင့် အော်ကာ ပြောနေ၏။
" ခင်ဗျား ပြန်လာခဲ့"
"အိုး! "
ဖေးယိယန်က ကလပ်အဝင်အဝ တံခါးမှာ ခပ်လျှော့လျှော့ လက်ပိုက်မှီကာ၊ ထျန်းမော့ချီကို မျက်ခုံးပင့်ရင်း ပြုံးလျှက် ကြည့်နေ၏။
" ချီးကို အိုး!နေလိုက်!
ခင်ဗျား အာ့ဒီကနေ ထွက်လာပါဆိုနေဗျာ! ဟင့်"ဆဲရေးသံနှင့်အတူ၊ ငိုသံသဲ့သဲ့လေး
စွတ်နေဟန်ကြောင့်၊ ဖေးယိယန် အသဲနှလုံးတို့သည် ကလိ ကလိ။အယ်ဖာတစ်ယောက်၏ ငိုသံစွတ်နေသည့်အသံကြောင့်၊ ကလပ်စစ်ဆေးရေးဂိတ်မှာ ထျန်းမော့ချီကို တားဆီးနေသည့် ဂိတ်စောင့်နှစ်ဦးသည်
ကြောင်အ'ကာ ကျောက်ရုပ်ကြီးတွေလို ဖြစ်သွားကြ၏။သူတို့တွေက ထျန်းမော့ချီကို တစ်လှည့်၊
ဖေးယိယန်ကို တစ်လှည့် လှမ်းကြည့်ကာ၊ ကမ္ဘာသစ်ကို မြင်လိုက်ရသလို မျက်လုံးတွေ ပြူးနေလျက်သား...။ဘုရားစူး! ဒါ အယ်ဖာတဲ့လား။
ဘုရားစူး! ဟိုက အိုမီဂါတဲ့လား။
Role လွဲနေသလိုပဲရော်!ထျန်းမော့ချီ ပြောမရသည့် ဖေးယိယန်ကို ပြောမနေတော့ပေ။ ငိုချင်သွားသည့်စိတ်ကို ထိန်းကာ ၊
အပြင်သို့ ပြေးထွက်သွားတော့သည်။ဒီလူက
သူ့ကို ချစ်သည်လို့သာ ဆိုတတ်ပေမဲ့...သူ့စကားကျတော့ နားမှမထောင်တာ။ သူ့ကိုလည်း အရာမသွင်းဘူး။ ကလေးလိုပဲ ဆက်ဆံနေတာလေ။
KAMU SEDANG MEMBACA
(သူတို့တွေ ပြောကြတာက 'မင်းက အိုမီဂါ'ပါတဲ့!)他们说 ' 你是 OMEGA' [ Completed ]
FantasiNovel Name: 他们说 ' 你是 OMEGA' (သူတို့တွေ ပြောကြတာက 'မင်းက အိုမီဂါ'ပါတဲ့!) Author: YadanarMoe399 Category: BL /Romance / AOB World / Strong omega / 🚨 This is my own creation. Not translation !