Chapter 1: အိုမီဂါဆိုတာ ဘာလဲ။ စားလို့ရလား။ကြုံဖူးကြလား။ ဘဝမှာ နေရင်း၊ ထိုင်ရင်း၊
ပျော်ရင်းပါးရင်း၊ မထင်မှတ်ထားပါဘဲ၊
သောက်ကျိုးနည်း ဖြစ်သွားရသည့် ဖြစ်ရပ်မျိူးနှင့် ကြုံဆုံလိုက်ရသည့်အခါမျိုးမှာ...။
တစ်ခါမှ စိတ်ကူးဖြင့်တောင်
မတွေးခဲ့ဖူးပါသည့် အတွေ့အကြုံကို
ခံစားရလျှင်ကော မင်းတို့ ဘာဆက်လုပ်ကြမလဲ။လူငယ်လေးတစ်ယောက်သည် ကမ္ဘာကြီး၏ နက်နဲသိုဝှက်လှသည့် လျို့ဝှက်ချက်များ ကို တွေးတောနေဟန်ဖြင့်၊ ကောင်းကင်ကြီးကို မော့ကြည့်လျက်၊ သက်ပြင်းတချချ လုပ်နေ၏။
နေရောင်နေပြောက်တို့သည် တတ်ကြွလန်းဆန်းနေပုံရသည့် လူငယ်လေး၏ မျက်နှာတစ်ဝက်ခြမ်းကို အလင်းပေးနေသည်မှာ ကောင်းကင်မှာ ဖြန့်ကျဲထားသည့်အလင်းစက်များ၏ ရိုက်ခတ်သလိုမျိူး....။
ယောကျာ်းဆန်ကာ ပျိုမြစ်နုငယ်မှုသည်
အရိုင်းဆန်ကာ လှပနေလျှက်၊ တည်ကြည်ခန့်ညားမှုပါ ပေါင်းစပ် ရောစွတ်နေ၏။ထိုလူငယ်လေး၏ မျက်ဝန်းတို့သည် ခရမ်းသွေးရောင်ဖျော့ဖျော့တောက်ပနေပြီး၊ စူးရှနေ၏။
ထိုလူငယ်လေး၏ အမည်နာမကား....ဖေးယိယန်။
ဖေးယိယန် တလောကလုံးနှင့် ရှိရှိသမျှသော လူ၊ နတ်၊ ပြတ္တာ၊ သတ္တဝါများပါမချန်၊ သုံးလောက၏
နတ်ဘုရားအပေါင်းတို့ကို သူ့ဘဝမှာ တတ်ခဲ့သည့် ဆဲရေးနည်း ဗားရှင်းမျိုးစုံဖြင့် ယဥ်ကျေးလိမ်မာစွာပင် စိတ်ထဲကနေ အော်ဆဲနေခဲ့သည်ပင်။သူ သေသွားခဲ့သည်။
တကယ့်ကို သူ သေသွားခဲ့သည်။
အိပ်နေရင်းဖြင့်။ ဘာအကြောင်းပြချက်မှ ထူးထူးခြားခြား မရှိ၊ ဘာမှတောင် မသိလိုက်ပါဘဲ သေသွားခဲ့သည်။ သေတာက အကြောင်းမဟုတ်။ သေပြီးရင် ဘဝတစ်ခုခုတော့ ရသင့်သည်လေ။ သူက ကောင်းတာလည်း မလုပ်၊ ဆိုးတာလည်း
မလုပ်သည့်သူဖြစ်ပေမဲ့ (ဒါက သူ့ကိုသူ ထင်ခြင်းသက်သက်သာ) သူလည်း ပြန်တော့ မွေးဖွားသင့်သည် မဟုတ်ပါလား ။အကယ်၍ သူ့မှာ ကုသိုလ်ကောင်းမှုမရှိလို့
ငရဲ ခံရလည်း ခံရပေါ့။ အကုသိုလ် ကုန်လို့
ငရဲခံပြီးရင် ပျော်ပျော်ကြီး လူပြည့်၊ နတ်ပြည်မှာ မွှေလို့ရပေအုံးမည်။
ESTÁS LEYENDO
(သူတို့တွေ ပြောကြတာက 'မင်းက အိုမီဂါ'ပါတဲ့!)他们说 ' 你是 OMEGA' [ Completed ]
FantasíaNovel Name: 他们说 ' 你是 OMEGA' (သူတို့တွေ ပြောကြတာက 'မင်းက အိုမီဂါ'ပါတဲ့!) Author: YadanarMoe399 Category: BL /Romance / AOB World / Strong omega / 🚨 This is my own creation. Not translation !