Extra 2
“ အဲ့ဒီမှာ ရပ်လိုက်စမ်း!
ခင်ဗျား ဘယ်က ပြန်လာတာလဲ?!”အိမ်ထဲ ကုပ်ချောင်းကုပ်ချောင်း ဝင်လာသည့် ဖေးယိယန်ဟာ ထျန်းမော့ချီ၏ ဆောင့်ဖမ်းခြင်းကို ခံလိုက်ရရှာတော့သည်။
“ ဟိုလေ...ကိုယ် လျှိုယောင်ဆီကနေ ပြန်လာတာပါ”
ထျန်းမော့ချီ မျက်နှာတင်းတင်းဖြင့်
ကလေးနှစ်ယောက်ကို ပွေ့ချီ ချော့သိပ်ရင်းကနေ...
ဖေးယိယန်ကို ကြည့်လာ၏။“ ခင်ဗျားနော်! အချိုးပြေပြေနေ!
ကိုယ့်ကိုကိုယ် လူပျိုလူလွတ်လို့ ထင်မနေနဲ့!”ဖေးယိယန် ခေါင်းလေးငုံ့ရင်း ထျန်းမော့ချီ၏
ညတိုင်း ပေါက်ပေါက်ဖောက် ဆူသံလေးကို
ချော့သိပ်သည့် သီချင်းသံလေးအလား
နားထောင်နေလိုက်၏။“ အားနေ အလေနက်တောလိုက်ဖို့ပဲ
မပြောချင်လို့ကြည့်နေတာကြာပြီ...”“ သားနဲ့သမီးကို အချိန်မပေးနိုင်လောက်အောင်အထိ ခင်ဗျား ဘာတွေများ အလုပ်ရှုပ်နေတာလဲ? ဟမ်?”
“ ကိုယ် မှားပါတယ်”
ထျန်းမော့ချီသည်
ဖေးယိယန်၏ ‘ ကိုယ် မှားပါတယ်’ ဆိုသည့် စကားကို
အမြဲလိုလို ကြားခဲ့ရပြီမို့ ဒေါသထွက်လာတော့သည်။ပြီးနောက် အကြည့်တို့သည် လက်ဖျံနေရာဆီ ရောက်သွားတော့ စိုးရိမ်သည့်အကြည့်လေးအဖြစ်ပြောင်းသွားပြန်တော့သည်။
ကလေးနှစ်ယောက်ကို ချော့သိပ်ပုခက်ခြင်းလေးထဲ ဖြေးဖြေးလေး ချကာ ဖေးယိယန်အနားသို့
စိုးရိမ်တကြီး သွားလိုက်မိတော့သည်ပင်။“ လက်က ဘာလို့ပေါက်ပြဲလာရတာလဲ?
ခင်ဗျားကို ဘယ်သူအနိုင်ကျင့်လိုက်တာလဲ?”ဖေးယိယန် အလှလေး၏ ခေါင်းလေးကို ပွတ်သပ်လိုက်ရင်း ရယ်မောကာ၊ ဖြစ်ခဲ့သမျှ ပြောပြလာတော့သည်။
ထျန်းမော့ချီကတော့ မျက်မှောင်တို့ တွန့်ကွေးလုမတတ်။
“ အဲ့ဒီအိုမီဂါကများ ခင်ဗျားကို
ဒီစကားပြောတယ်ပေါ့လေ! သူများယောကျာ်းကို
လာစနိုက်တာပဲ”
YOU ARE READING
(သူတို့တွေ ပြောကြတာက 'မင်းက အိုမီဂါ'ပါတဲ့!)他们说 ' 你是 OMEGA' [ Completed ]
FantasyNovel Name: 他们说 ' 你是 OMEGA' (သူတို့တွေ ပြောကြတာက 'မင်းက အိုမီဂါ'ပါတဲ့!) Author: YadanarMoe399 Category: BL /Romance / AOB World / Strong omega / 🚨 This is my own creation. Not translation !