🍭Part-2🍭

234 47 7
                                    

*Zawgyi*

လွှမ်းမိုးဗိုလ်တစ်ယောက် ဝတ်စုံအပြည့်အစုံနှင့် သူ့အိပ်ခန်းလေးထဲမှာ ငုတ်တုတ်ကြီးထိုင်စောင့်နေလေသည်။မျက်လုံးများက တိုင်ကပ်နာရီကြီးကို တကြည့်ကြည့်နှင့်။နာရီကြီးက လက်တံနံပါတ်ငါးကိုညွှန်ပြနေသည်။အကြောင်းကား ဒီနေ့ ဗိုလ်လေးတစ်ယောက် ညဈေးကိုသွားဖို့ပူဆာထားပြန်ပြီ။

မသွားလို့ကမဖြစ်။ဟိုအစ်ကိုကြီးရှိနေသည်မလား။

ဆယ်တန်းကျောင်းသားဆိုပေမယ့် လစ်တဲ့အချိန်လေးကိုတော့ မရရအောင် လမ်းထွက်၍ရွပေအုံးမည်။အပျိုဖြန်းလေးတွေတောင် သူတို့ကြိုက်တဲ့ ယောက်ျားပျိုတွေရှေ့ကို မော်ဒယ်Showလျှောက်သလို ခေါက်တုန့်ခေါက်ပြန်လျှောက်ပြရသေးတာ။ဗိုလ်လေးကလည်း သူကြိတ်ကြွေနေတဲ့ ရေခဲသုတ်အစ်ကိုကြီးရှေ့မှာ နေ့စဉ်မပြတ် ကိုယ်ထင်သွားပြပေးရမှာပေါ့။

ဒီအကြောင်းအရာတွေကို ဖေဖေတစ်ယောက် ဘာမှမသိသေး။ဗိုလ်လေးက မိတဆိုးလေးဖြစ်နေသည်ကတစ်ကြောင်း၊အဖေကလည်း သူ့အလုပ်နဲ့သူ လက်မလည်သည်ကတစ်ကြောင်းနှင့် အဖေနဲ့ဆိုလက်ပွန်းတတီးမနေဖြစ်။ ဗိုလ်လေးအနားမှာအမြဲလိုလိုရှိနေသည့်လူတွေက Guideဆရာဆရာမတွေရယ်၊မမရယ်၊ကိုမော်ကွန်းရယ်။ဤလောက်သာ။

အခုလည်း မမကို ရေခဲသုတ်ထပ်စားချင်သည်ဟုပူဆာကာ ညဈေးကို လိုက်ပို့ခိုင်းပြန်သည်။ဒီတခါတော့ မမကမနေ့ညက ဗိုလ်လေးနောက်လိုက်တာ ပင်ပန်းသွားလို့ဆိုပြီး သူကိုယ်တိုင်မလိုက်တော့။ ကိုမော်ကွန်းနှင့်သာသွားခိုင်းတော့ ဗိုလ်လေးတို့အကြိုက်ဖြစ်ပြီးရင်းဖြစ်ပေါ့။

နာရီတကြည့်ကြည့်နဲ့ ကိုမော်ကွန်းလာအကြိုကိုစောင့်နေလိုက်တာ နာရီဝက်မျှတောင်ရှိပြီ။သိပ်မကြာလိုက်ပါ။အိမ်ရှေ့က ကားဟွန်းသံတပွမ်ပွမ်ကိုကြားတော့ ဗိုလ်လေးတစ်ယောက် လေအလျင်ထက်မြန်သောအလျင်နဲ့ အိမ်ရှေ့ပြေးထွက်ခဲ့လေသည်။

ထင်သည့်အတိုင်းပင်..ကိုမော်ကွန်းရောက်လာလေပြီ။မမကတော့ သူ့အိပ်ခန်းထဲမှာသူ။ဖေဖေကတော့အလုပ်ကနေ အခုအချိန်ထိပြန်မလာသေးတာမို့ ဗိုလ်လေးအတွက်အခွင့်ကောင်း၊ အချိန်ကောင်း။

Cotton Candyလေးရဲ့ချစ်ပုံပြင်(Cotton Candyလေးရဲ့ချစ်ပုံပြင်){Shortstory}Where stories live. Discover now