*Zawgyi*
(A/N-သီချင်းလေးနားထောင်ဖတ်ရင် ပိုအသက်ဝင်လေမလား**😁)
သူရိန်နေမင်းကြီးက အိပ်ခန်းပြတင်း၏အပြင်ဘက်မှာ ပြင်းရှစွာဖြင့် ထိုးနှက်နေလျက်။နေပူပြင်းပြင်းကြောင့် အရောင်လေးတွေလက်ကာ စိမ်းလန်းစိုပြည်လျက်ရှိနေသော သစ်ရွက်စိမ်းလေးများအား တွေတွေလေးစိုက်ကြည့်နေသော ဗိုလ်လေး။
သူ့အတွေးများကတော့ အချိန်တစ်ခဏလေးအတွင်းဖြစ်ပေါ်သွားခဲ့သော မြန်ဆန်လွန်းလှသည့်ကိစ္စရပ်များကို အချိန်ယူတွေးတောနေမိသည်။
ဗိုလ်လေးစာမေးပွဲပြီးပြီးချင်းရက်ပိုင်းအတွင်း ကိုမော်ကွန်းနဲ့မမ စေ့စပ်ဖြစ်သွားလေသည်။အကြောင်းကား ကိုမော်ကွန်း၏အဖေ တည်ထောင်ထားတဲ့စီးပွားရေးဟာ အခြေအနေယိုယွင်းလာတာကြောင့်ပင်။ ကျွန်းကိုင်းမှီ၊ကိုင်းကျွန်းမှီဆိုသလို ဗိုလ်လေး၏ဖေဖေနဲ့ကိုမော်ကွန်း၏ဖေဖေက စီးပွားဖက်တွေလေ။ အခုကိုမော်ကွန်းတို့ဘက်ကစီးပွားရေးက ယိုင်နဲ့စပြုလာလေတော့ ကိုမော်ကွန်းလည်းမတတ်သာတော့၍ မမနဲ့လက်ထပ်ခြင်း၏ရှေ့ပြေးနိမိတ်သဘောအနေနဲ့ စေ့စပ်ထားလိုက်ရသည်။ကိုမော်ကွန်းက ဖေဖေ့သားကြီးမို့ သူ့အဖေစကားတစ်ခွန်းဆို တစ်ခွန်းပဲလေ။
ဗိုလ်လေးအတွက်ကတော့ မီးတစ်မီးငြိမ်းသွားတယ်ဆိုပေမယ့် နှစ်ဖက်မိဘ၏အလိုကျအရ ကိုမော်ကွန်းရော၊မမရော နှစ်ဦးနှစ်ဖက်စလုံး မချစ်ပါဘဲစေ့စပ်လိုက်ရသည့်အတွက် နောင်ဖြစ်လာတော့မည့် မမတို့၏အိမ်ထောင်ရေးကို မမအစားဗိုလ်လေးရင်ပူပေးနေမိသည်။ Arranged Marriageဆိုတာယနေ့ခေတ်လူငယ်အများစု စိတ်အလွန်ညစ်ကြတဲ့ကိစ္စတစ်ခုပဲမဟုတ်ပါလား။သို့ပေမယ့် စီးပွားရေးအရ ပေါင်းဖက်လိုက်ကြရတာမို့ ဗိုလ်လေးလည်း ဘာမှဝင်စွက်ဖက်ပြောမနေတော့။
တစ်ခုတွေးမိပြန်တာက ကိုမော်ကွန်း ဗိုလ်လေးအားချစ်စကားဆိုခဲ့သည့်ကိစ္စ။အဲ့ကိစ္စကတော့ ကိုမော်ကွန်းကပဲ ဗိုလ်လေးကိုတကယ်ချစ်ခဲ့မိတာလား၊ဗိုလ်လေးကို လွယ်လွယ်ရမှာမို့ အာချောင်ပြီးပြောသွားတာလား။ဗိုလ်လေး အဲ့မေးခွန်းတွေရဲ့အဖြေကိုတော့ အဖြေရှာ၍မတွေ့ခဲ့ပါ။

YOU ARE READING
Cotton Candyလေးရဲ့ချစ်ပုံပြင်(Cotton Candyလေးရဲ့ချစ်ပုံပြင်){Shortstory}
Short Story🍭Cover Art By Hawk Shine Lin🍭-Romance×Fancy Theme- 🍭ညဈေးလေးဟာကိုယ်တို့နှစ်ယောက်အတွက်တော့ ရွှေဖူးစာဆုံရာနိဗ္ဗာန်ဘုံ..။🍭 Started➡️10.7.2021 Completed➡️14.7.2021 🍭ညဈေးလေးဟာကိုယ်တို့နှစ်ယောက်အတွက်တော့ ရွှေဖူးစာဆုံရာနိဗ္ဗာန်ဘုံ..။🍭